|
၂ဝ၁၁ခုနှစ်၊ (၁၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ |
|
 |
|
မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ကိုယ်စား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး နှင့် အားကစား ဝန်ကြီးဌာနဝန်ကြီးဦးအောင်ခင်က အမျိုးသား/အမျိုးသမီးစုပေါင်း တံခွန် စိုက်ဒိုင်းဆုရ ဧရာဝတီတိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဒိုင်းဆုကြီး ပေးအပ် ချီးမြှင့်စဉ် |
ရန်ကုန်၊ စက်တင်ဘာ(၄)ရက် ။ ၂ဝ၁၁ ခုနှစ်၊ (၁၆)ကြိမ်မြောက်တိုင်း ဒေသကြီးနှင့် ပြည်နယ် ဂျူဒိုပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစား ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
|
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် လမ်းပန်းဆက်သွယ်ရေး နှင့်အားကစားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ခင်၊ လူမှုရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာမြင့်သိန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် နာယက ဒေါ်ရွှေသက် နှင့် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ ချုပ်မှ ဒုတိယဥက္ကဌ နှင့် အမှုဆောင်များ တက်ရောက်ကြသည်။
|
အစီအစဉ်အရ ဗိုလ်လုပွဲများအပြီးတွင် အမျိုးသား (၆ဝ)ကီလိုတန်း နှင့် (၆၆)ကီလိုတန်းပြိုင်ပွဲများမှ ဆုရရှိသူများအား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒုတိယ ဥက္ကဌမှလည်းကောင်း၊ အမျိုးသမီး(၄၅)ကီလိုတန်းနှင့် (၅၂)ကီလိုတန်းပြိုင်ပွဲ များတွင်ဆုရရှိသူများအား မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်နာယက ဒေါ်ရွှေသက်မှလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ပထမတံခွန်စိုက်ဆုရရှိ သော ဧရာဝတီတိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီမှလည်းကောင်း၊ အမျိုးသားအသင်း လိုက် တံခွန်စိုက်ဒိုင်းဆုရ ဧရာဝတီတိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်ကလည်းကောင်း၊ အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုရ (၄၅)ကီလိုတန်းမှ သိမ့်သိမ့်သူ (ဧရာဝတီ တိုင်းဒေသကြီး)နှင့် အမျိုးသားအကောင်းဆုံးအားကစားသမားဆုရ (၅ဝ)ကီလို တန်းမှ နေမျိုးထွန်း (ဧရာဝတီတိုင်းဒေသကြီး)တို့အား လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်သိန်းတို့က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
|
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ ဥက္ကဌ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး နှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ခင်က အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက်ဒိုင်းဆုရ ဧရာဝတီတိုင်းဒေသကြီး အသင်းအား တံခွန်စိုက်ဒိုင်းဆုကြီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
၂၀၁၁ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament ပြိုင်ပွဲများ ဆက်လက်ကျင်းပ |
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
နေပြည်တော်၊ စက်တင်ဘာ(၄)။ ၂၀၁၁ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်း မှစ၍ သတ်မှတ်နေရာအသီးသီး၌ ဆက်လက်ကျင်းပလျက်ရှိရာ အားကစား ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ရုံးအဖွဲ့မှူး) ဦးထွန်းမြင့်ဦးနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး(၀န်ကြီးရုံး)ဦးကျော်ဦးနှင့် ညွှန်ကြား ရေးမှူးများ လှည့်လည်ကြည့်ရှုအားပေးကြသည်။
နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားခန်းမတွင် ယနေ့ကျင်းပသော ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသားသုံးယောက်တွဲ ရှုံး/ထွက်ပွဲစဉ်များအပြီး၌ ပုသိမ်ကလပ်အသင်း နှင့် မုံရွာကလပ်အသင်းတို့ ပထမအကြိုဗိုလ်လုပွဲအဖြစ် လည်းကောင်း၊ ရန်ကုန် ကလပ်အသင်းနှင့် တောင်ကြီးကလပ်အသင်းတို့ ဒုတိယ အကြိုဗိုလ်လုပွဲအဖြစ် လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားကြရာ မုံရွာကလပ်အသင်းနှင့်ရန်ကုန် ကလပ်အသင်းတို့ အနိုင်ရရှိသွားကြပြီး ဗိုလ်လုပွဲသို့တက်ရောက် သွားပြီဖြစ် ကြောင်း သတင်းရရှိသည်။
|
|
|
|
အပြည်ပြည်ဆိုင်ရာ အလွတ်တန်း စစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ် ပြိုင်ရန် မြန်မာစစ်တုရင် အားကစားအဖွဲ့ ပြည်ပထွက်ခွာ |
|
ရန်ကုန်၊ စက်တင်ဘာ(၄)ရက် ။ ၂ဝ၁၁ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့မှ (၁၁) ရက်နေ့ထိ မလေးရှားနိုင်ငံ (ကွာလာလမ်ပူမြို့) တွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အလွတ်တန်း စစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့စစ်တုရင် အားကစားအဖွဲ့ဝင်(၂) ဦးသည် ယမန်နေ့ ည(၇)နာရီ (၄၅) မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ဖြင့် ထွက်ခွါသွားရာ မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်မှ အမှုဆောင်များက ပို့ဆောင်နှုတ်ဆက်ကြ သည်။
မြန်မာ့စစ်တုရင်အားကစားအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် အုပ်ချုပ်သူ အားကစားသမားအဖြစ် ဦးကြည်သိန်း(လယ်/ဆည်ဝန်ကြီးဌာန)နှင့် အားကစား သမားအဖြစ် သာဇံတို့လိုက်ပါသွားကြောင်း သတင်းရရှိသည်။
|
|
|
|
အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသို့
ဗဟို ဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)မှ အခြေခံပညာဆရာ/ဆရာမများအထူး မွမ်းမံသင်တန်း အမှတ်စဉ်(၇၆)မှ သင်တန်းသား/သင်တန်းသူများလာ ရောက်လေ့လာခြင်း
|
|
 |
|
 |
|
ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) မှ အခြေခံပညာဆရာ/ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ်(၇၆)မှ သင်တန်းသား/သင်တန်းသူများ လေ့လာရေးအဖွဲ့အား မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၊
မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ ချုပ်၊ မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ အားကစား သမား များက သရုပ်ပြသကြစဉ်
|
|
ရန်ကုန် ၊စက်တင်ဘာ(၄)ရက် ။ အားကစား ဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနသို့ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ(၃)ရက်နှင့် (၄)ရက်နေ့များ တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)မှ အခြေခံပညာဆရာ/ဆရာမများ အထူးမွမ်းမံ သင်တန်း အမှတ်စဉ်(၇၆)မှ သင်တန်းသား/သင်တန်းသူ (၁၅ဝဝ) ကျော်ခန့် လာရောက်လေ့လာခဲ့သည်။
အဆိုပါ သင်တန်းသူ/သင်တန်းသား များကို အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးတင်ဝင်း(ညွှန်ကြားရေးမှူး) နှင့်တာဝန်ရှိသူများ
က ကြိုဆိုကြပြီးနောက် ကျောင်းအုပ်ကြီးက နှုတ်ခွန်းဆက် စကားပြောကြား သည်။
အစီအစဉ်အရ လေ့လာရေးအဖွဲ့အား မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊မြန်မာ နိုင်ငံခြင်းလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကရာတေး ဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ အားကစားသမားများက သရုပ်ပြသ ခဲ့ကြောင်း သတင်းရရှိသည်။
|