|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ် ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် ရွက်လှေ အားကစားသမားများအား မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် နာယကများက တွေ့ဆုံ အားပေးခြင်းနှင့် ထောက်ပံ့ငွေများလှူဒါန်းစဉ်
|
|
|
ရန်ကုန်၊ နိုဝင်ဘာ(၅)ရက်။ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ လက်ခံ ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် ရွက်လှေအားကစားသ မားများအား မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ရွက်လှေ အားကစား နည်းနာယက အမှတ်(၂)စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဇနီး ဒေါ်တင်အုန်း မြင့်၊ နာယကအဖွဲ့ဝင် ဒေါ်မေသန်းထိုက်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်ခင်ဆွေမြင့်၊ အထွေထွေအ တွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီနှင့် အမှုဆောင်အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လည်(၂)နာရီက အင်းယားကန်ရှိ မြန်မာနိုင်ငံရွက်လှေအားကစားအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ သွားရောက်ကာ ရွက်လှေအားကစားသမားများ လေ့ ကျင့်နေမှုများကို ကြည့်ရှုအားပေးကြသည်။
အစီအစဉ်အရ မြန်မာနိုင်ငံ အမျိုး သမီးအားကစားအဖွဲ့ချုပ် နာယကအဖွဲ့ဝင်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေး ကာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ရွက်လှေအားကစားနည်း နာယက အမှတ်(၂)စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဇနီး ဒေါ်တင်အုန်းမြင့် နှင့် နာယကအဖွဲ့ဝင် ဒေါ်မေသန်းထိုက်တို့က အားကစားသမားများအား ထောက်ပံ့ငွေကျပ်(၁)သိန်းနှင့် အင်အားဖြည့် အစားအသောက်များလှူဒါန်းကာ အားပေး စကားများ အသီးသီးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
|
|
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက် ပေါင်း စုံ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုးချီးမြှင့်ပွဲကျင်းပ
|
ရန်ကုန်၊ နိုဝင်ဘာ(၅)ရက်။ ၂ဝ၁၁ ခုနှစ်၊ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဖလား ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်း ပခဲ့ရာ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်း၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့မိ မြို့ဖများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက် ရောက်ခဲ့ကြသည်။
အဆိုပါ ဗိုလ်လုပွဲတွင် အလယ်ဈေးရပ်ကွက်အသင်းနှင့် တောင်ရပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အလယ်ဈေးအသင်းက (၂)ဂိုး၊ ဂိုး မရှိဖြင့် အနိုင်ရရှိသွားသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ပထမဆုရရှိသောအလယ်ဈေးအသင်းနှင့် ဒုတိယ ဆုရရှိသောတောင်ရပ်အသင်းတို့အား ဆုဖလားများပေးအပ် ချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိသည်။
|
|
အင်ဒိုနီးရှားရိုးရာလက်ဝှေ့Tarung Derajat ပြိုင်ပွဲဝင်ရောက် ယှဉ် ပြိုင်မည့် မြန်မာ့လက်ရွေးစင် ရိုးရာလက်ဝှေ့အဖွဲ့ ပြည်ပထွက်ခွာ
|
|
|
|
အင်ဒိုနီးရှားရိုးရာလက်ဝှေ့Tarung Derajat ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ပ ထွက်ခွာမည့်
မြန်မာ့လက်ရွေးစင် ရိုးရာလက်ဝှေ့အဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌တွေ့ရစဉ် |
ရန်ကုန်၊ နိုဝင်ဘာ(၅)ရက်။ ၂ဝ၁၁ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့မှ (၁၅)ရက် နေ့အထိ (အင်ဒိုနီးရှားနိုင်ငံ)၌ ကျင်းပပြုလုပ်မည့် အင်ဒိုနီးရှားရိုးရာလက်ဝှေ့ Tarung Derajat ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနှင့် ကာယ ပညာသိပ္ပံ(ရန်ကုန်) လက်ထောက် ညွှန်ကြားရေးမှူး ဦးဗလကျော်သူ ဦး ဆောင်သော မြန်မာ့လက်ရွေးစင်ရိုးရာ လက်ဝှေ့အားကစားအဖွဲ့ဝင်(၉)ဦး သည် ယနေ့နေ့လည်(၁၂)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကျင်းပမည် |
ရန်ကုန်၊ နိုဝင်ဘာ(၅)ရက်။ အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ပူးပေါင်း၍ မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင် စွာ ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ရေးအတွက် ရည်ရွယ်ပြီး နှစ်စဉ် တိုင်းဒေသ ကြီး နှင့် ပြည်နယ် အားကစားပြိုင်ပွဲများကျင်းပပေးလျှက်ရှိရာ နိုဝင်ဘာလ(၂၆) ရက်နေ့တွင် (၄၃)ကြိမ်မြောက် ကာယဗလနှင့်ကာယအလှပြိုင်ပွဲကို ရန်ကုန် တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ MCC ခန်းမ၌လည်းကောင်း၊ ဒီဇင်ဘာလ (၅)ရက်နေ့မှ(၇)ရက်နေ့အထိ (၁၇)ကြိမ်မြောက် အမျိုးသမီးကိုယ်ကာယ ကြံ့ ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌လည်းကောင်း၊ ဒီဇင်ဘာလ (၁ဝ)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၄၃)ကြိမ်မြောက် ကြက်တောင်ပြိုင်ပွဲကို ကျုံးကြီးလမ်း ကြက်တောင်အားကစားရုံ၌လည်းကောင်း၊ ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၈)ရက်နေ့အထိ (၁၁)ကြိမ်မြောက် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို လည်းကောင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
|