|
အပြည်ပြည်ဆိုင်ရာ
သေနတ်ပစ်အဖွဲ့ချုပ်အသိအမှတ်ပြု(ဘီ) လိုင်စင် အဆင့်
ရိုင်ဖယ်၊ပစ္စတိုဒိုင်လူကြီး ဆွေးနွေးတက်ရောက်မည့် မြန်မာ သေနတ်ပစ်
ကိုယ်စားလှယ်များ ထိုင်းနိုင်ငံသို့ထွက်ခွာ |
|
ရန်ကုန်၊ စက်တင်ဘာ(၅)ရက် ။ ၂ဝ၁၁ခုနှစ်၊
စက်တင်ဘာလ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ
ထိုင်းနိုင်ငံ(ဘန်ကောက်မြို့)တွင်ကျင်းပပြုလုပ်မည့် အပြည်
ပြည်ဆိုင်ရာသေနတ်ပစ် အဖွဲ့ချုပ် အသိအမှတ်ပြု(ဘီ)လိုင်စင်အဆင့်
ရိုင်ဖယ်၊ ပစ္စတိုဒိုင်လူကြီးဆွေနွေးပွဲသို့ တက်ရောက်မည့်
မြန်မာသေနတ်ပစ်ကိုယ်စား လှယ် (၉) ဦးသည် ယမန်နေ့ ညနေ(၆)နာရီက
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ
မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ်အမှုဆောင်များက ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာသေနတ်ပစ် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ်
ပြည်တွင်းအခွန်များဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဦးကျော်လွင်ဦး၊ ဦးထူးနိုင်(ကိုယ်ပိုင် လုပ်ငန်း)၊
ရန်ကုန်တက္ကသိုလ်ကထိကရူပဗေဒဌာနမှ ဒေါက်တာစိမ်းညို့ညို့ကို၊ အရှေ့ပိုင်း
တက္ကသိုလ် သရုပ်ပြ ရုက္ခဗေဒဌာနမှ ဒေါ်စကားဝါဝင်း၊ မိတ္တီလာ တက္ကသိုလ်
ကထိက (ဓာတုဗေဒဌာန)မှ ဒေါက်တာ မူမူမြစိန် ပင်လုံတက္ကသိုလ် လက်ထောက်ကထိက
(ရူပဗေဒဌာန)မှ ဒေါက်တာ လဲ့လဲ့ခင်၊ ပြည်တက္ကသိုလ် လက်ထောက်ကထိက
(ဒသနိကဗေဒဌာန)မှ ဒေါက်တာဝင်းဝင်းနုနှင့် ရန်ကုန် ပညာရေးတက္ကသိုလ်
ကထိက(ပထဝီဝင်ဌာန)မှ ဒေါက်တာခင်ခင်ဌေးတို့လိုက် ပါသွား ကြောင်း
သတင်းရရှိသည်။
|
|
|
|
မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်
ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်မှ အားက စား
လေ့ကျင့်ရေးစခန်းများစစ်ဆေး |
|
 |
|
 |
|
၂ဝ၁၁ခုနှစ်၊ နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် သင်္ဃန်းကျွန်းမြို့ နယ်(သုဝဏ္ဏ)
လက်ဝှေ့လေ့ကျင့်ရေးစခန်း၌ မြန်မာ့လက်ရွေးစင် လက်ဝှေ့ အားက စားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးစဉ်
|
|
ရန်ကုန်၊ စက်တင်ဘာ(၅)ရက် ။ ၂ဝ၁၁ခုနှစ်၊ နိုဝင်ဘာလတွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အသီး သီးမှ စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် အားကစားသမား များ လေ့ကျင့်နေမှုများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်း ရေးမှူးအားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးသောင်းထိုက် က ယနေ့ နံနက်(၈)နာရီက အားကစားလေ့ကျင့်ရေးစခန်းများသို့ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သို့ သွားရောက်၍ မြန်မာ့ လက်ရွေးစင် လှေလှော်အားကစားသမားများက ကနူး/ကယက၊် အပြည်ပြည် ဆိုင်ရာလှေ/ရိုးရာလှေလှော် လေ့ကျင့်နေမှုများ၊ သင်္ဃန်းကျွန်းမြို့နယ်(သုဝဏ္ဏ) လက်ဝှေ့လေ့ကျင့်ရေးစခန်း၌ မြန်မာ့လက်ရွေးစင် လက်ဝှေ့အားကစားသမား များနှင့် ပိုက်ကျော်ခြင်းအားကစားသမားများ လေ့ကျင့်နေမှုများကို ကြည့်ရှုစစ် ဆေးပြီး နည်းပြချုပ်၊ နည်းပြအဖွဲ့ဝင်များ၊ နည်းစနစ်မှူးများ နှင့် တာဝန်ရှိသူတို့ အားလေ့ကျင့်ရေးအပိုင်းတွင် နည်းစနစ်မှန်ကန်မှုရှိစေရေး အချိန်ကာလ နီးကပ် လာသည့်နှင့်အမျှ ပြင်းပြင်းထန်ထန်လေ့ကျင့်မှ အောင်မြင်မှုရရှိမှာ ဖြစ်ကြောင်း နှင့် အဟာရဖြည့်တင်း ကျွေးမွေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုရှိစေရေးတို့ အတွက် လိုအပ်ချက်များအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်မှ ထိုင်းနိုင်ငံ Hua Hin ကမ်းခြေတွင် ကျင်းပပြုလုပ်ပြီးစီးသွားသည့် Hua Hin Regatta 2011 ပြိုင်ပွဲ အတွေ့ အကြုံအား
သတင်းနှင့်စာနယ်ဇင်း ရှင်းလင်း
|
|
 |
|
၂ဝ၁၁ခုနှစ်၊ သြဂုတ်လ(၂ဝ)ရက်နေ့မှ (၂၈)ရက်နေ့အထိ Hua Hin ကမ်းခြေတွင် ကျင်းပပြုလုပ်ခဲ့သည့် Hua Hin Regatta 2011 ပြိုင်ပွဲသို့ မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ်မှ အဖွဲ့ချုပ်လက်ရွေးစင် များက International 470 Class နှင့် 420 Class ၊ Laser Class ၊ Optimist Classပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲ အတွေ့အကြုံများအား သတင်းနှင့်စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်းပွဲ ကျင်းပစဉ် |
|
 |
|
International 420 Class (W) ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော ဝေပွင့်ဝါးဘိုး နှင့် ခိုင်ဝါ |
|
ရန်ကုန်၊ စက်တင်ဘာ(၅)ရက် ။ ၂ဝ၁၁ခုနှစ်၊ သြဂုတ်လ(၂ဝ) ရက်နေ့မှ (၂၈)ရက်နေ့အထိ Hua Hin ကမ်းခြေတွင် ကျင်းပပြုလုပ်ခဲ့သည့် Hua Hin Regatta 2011 ပြိုင်ပွဲသို့ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ အဖွဲ့ချုပ်လက်ရွေး စင်များက International 470 Class နှင့် 420 Class ၊ Laser Class ၊ Optimist Class ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲအတွေ့အကြုံများ အား သတင်းနှင့်စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ယမန်နေ့ နေလည် (၁)နာရီက ရန်ကုန်မြို့၊ အင်းယားကန်ရှိ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင် ရွက်လှေအားကစားသမားများအား တစ်ဦးချင်းမိတ်ဆက်ပေးပြီး အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမောင်ဝင်းက အမှာစကားပြောကြား ကာ 470 Class နှင့် 420 Class ၊ Laser Class ၊ Optimist Class များမှ အသင်းနည်းပြဆရာများက ပြိုင်ပွဲတွင် အားသာချက်/အားနည်းချက် ပြိုင်ပွဲအတွေ့အကြုံများကို အကျယ် တဝင့် ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ရွက်လှေအားကစားသမားက ဝင် ရောက် ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲများတွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများမှ မိမိတို့အတွက် အကျိုးကျေးဇူးများရရှိပြီး ၄င်းအခက်အခဲများကို ပြင်ဆင်ပြီးလာ မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိအောင် ကြိုး စားသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပြီး သတင်းနှင့်စာနယ်ဇင်း ပုဂ္ဂိုလ် များက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေ ကြားခဲ့ပါသည်။
၎င်းပြိုင်ပွဲမှ International 420 Class (W) ပြိုင်ပွဲတွင် ဝေပွင့်ဝါးဘိုးနှင့် ခိုင်ဝါအတွဲက ဒုတိယဆု ကိုလည်းကောင်း၊ Optimist Class (B) ပြိုင်ပွဲတွင် စုစိမ့်စိမ့်ဇံက တတိယဆုနှင့် နှင်းဝတီစိုးက စတုတ္တဆု ၊ Royal Vega Rudder Championship ပြိုင်ပွဲ၌ ဝေပွင့်ဝါးဘိုးနှင့်ခိုင်ဝါ အတွဲတို့က အဆင့် (၅)ရရှိခဲ့ကြောင်း သတင်းရရှိသည်။
|
|
၂၀၁၁ခုနှစ် ပထမအကြိမ်
နေပြည်တော်
Champion Challenge Cup Tournament
ပြိုင်ပွဲများ
ဆက်လက်ကျင်းပ၊ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ
လိုက်လံကြည့်ရှုအားပေး |
နေပြည်တော်၊ စက်တင်ဘာ(၅)။ ၂၀၁၁ခုနှစ်
ပထမအကြိမ် နေပြည်တော်
Champion Challenge Cup Tournament ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစ၍ သတ်မှတ်နေရာအသီးသီး၌ ဆက်လက်ကျင်းပလျက်ရှိရာ အားကစားဝန်ကြီး ဌာန ဒုတိယ၀န်ကြီးဦးအေးမြင့်ကြူနှင့် တာဝန်ရှိသူများကလိုက်လံ ကြည့်ရှု အားပေးသည်။
ရှေးဦးစွာဒုတိယ၀န်ကြီးနှင့် အဖွဲ့သည်နေပြည်တော်ပျဉ်းမနားရှိ
ပေါင်းလောင်းအားကစားခန်းမတွင်ကျင်းပသော ပိုက်ကျော်ခြင်းပြိုင်ပွဲအမျိုးသား နှစ်ယောက်တွဲနှင့်အမျိုးသမီးနှစ်ယောက်တွဲ ရှုံး၊ထွက်ပွဲစဉ်များကိုလည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဘိလိယက်နှင့်စနူကာခန်းမ၌ ကျင်းပသော စနူကာပြိုင်ပွဲနှင့်ဘိလိယက်ပြိုင်ပွဲ တစ်ဦးချင်းနှင့် အသင်းလိုက်ပွဲ စဉ်များကိုလည်းကောင်း၊
ကြည့်ရှုအားပေးကာ နေပြည်တော် အားကစားဝန်ကြီး ဌာနစုပေါင်းခန်းမ၌ ကျင်းပသော
စားပွဲတင်တင်းနစ် တစ်ဦးချင်းပြိုင်ပွဲများကို ကြည့်ရှုအားပေးသည်။
ယနေ့ကျင်းပသော စားပွဲတင်တင်းနစ်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ
ဗိုလ်လုပွဲတွင် ထူးထူးနိုင်(မန္တလေးကလပ်အသင်း) က ပထမ၊ အောင်မင်းဦး (မန္တလေးကလပ် အသင်း) က ဒုတိယ၊ စိုင်းထိန်လင်းအောင် (မန္တလေးကလပ်အသင်း) နှင့် စန်းမောင်သိန်း (မန္တလေးကလပ်အသင်း) တို့က ပူးတွဲတတိယ၊ အမျိုးသမီး
တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ခင်ကောင်းစံ(ရန်ကုန်ကလပ်အသင်း)က
ပထမ၊ ဖြူဖြူသန့် (မကွေးကလပ်အသင်း) က ဒုတိယ၊
နီနီအောင်(မန္တလေးကလပ် အသင်း)နှင့်ဖြိုးနုဝါ (မန္တလေးကလပ်အသင်း)တို့က တတိယ အသီးသီးရရှိသွား ကြကြောင်း သတင်းရရှိ သည်။
|
|
ဧရာဝတီတိုင်းဒေသကြီး
ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၁၉)နှစ် နှင့်အောက်
အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမည် |
နေပြည်တော်၊ စက်တင်ဘာ(၅)။
မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေး အရည်အသွေးရှိသော မျိုးဆက်သစ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မူ၊
ဧရာဝတီယူနိုက် တက်ကလပ် ဘောလုံးအသင်း၏ပံ့ပိုးကူညီမှုဖြင့်
တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပမည့်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၁၉)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို စက် တင်ဘာ(၂၀)ရက်တွင်
ပုသိမ်မြို့တိုင်းဒေသကြီးအားကစားကွင်း၌ ဖွင့်လှစ် ကျင်းပမည်ဖြစ်ပြီး ခရိုင်မြို့ကြီးများတွင် မိမိတို့ဇုန်အလိုက်
ဆက်လက်ယှဉ်ပြိုင် သွားရမည်ဖြစ်သည်။
ဒုတိယအဆင့်အုပ်စုပတ်လည်ပွဲစဉ်များနှင့် အကြိုဗိုလ်လုပွဲ၊
ဗိုလ်လုပွဲများကို အောက်တိုဘာ(၂၁)ရက်မှနိုဝင်ဘာ(၆)ရက်အထိပုသိမ်မြို့၌ ဆက်လက်ကျင်းပ သွားမည်ဖြစ်ရာ ဧရာဝတီယူနိုက်တက်ကလပ်
ဘောလုံးအသင်းမှ ကျင်းပမည့် ဇုန်များအား ကွင်းပြင်ဆင်စရိတ်၊
ပြိုင်ပွဲကျင်းပစရိတ်နှင့် အသင်း(၂၆) သင်း အတွက်
ဖိနပ်၊ ခြေအိတ်၊ ခြေသလုံးကာ၊ ဘောင်းဘီ၊ အကျီင်္များ အပြင် ဒုတိယအဆင့်တက်ရောက်လာကြမည့်
အသင်း(၁၀)သင်းအား ပြိုင်ပွဲဝတ်စုံနှင့် ချွေးထိန်းဝတ်စုံများ၊
စားစရိတ်များကျခံ ပံ့ပိုးကူညီပေးမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင်ပထမဆု ကျပ်သိန်း(၅၀)၊ ဒုတိယဆု ကျပ်သိန်း(၃၀)၊
ပူးတွဲ တတိယဆုများကိုကျပ်(၁၀)သိန်းစီ နှင့်နေရာအလိုက်အကောင်းဆုံးအားကစား သမားဆုများကိုလည်း
ထိုက်တန်စွာချီးမြှင့်သွား မည်ဖြစ်ကြောင်း သတင်း ရရှိ သည်။
|
|
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားအမျိုးသမီး(အလွတ်တန်း)ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ |
|
 |
|
 |
|
 |
|
 |
နေပြည်တော်၊ စက်တင်ဘာ(၅) ။၂၀၁၁ခုနှစ်၊ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဖလား လေးခရိုင်
အမျိုးသမီး(အလွတ်တန်း)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်
ဆုချီး မြှင့်ပွဲ အခမ်းအနားကို သြဂုတ်(၃၁)ရက်ညနေ(၃)နာရီ က
တောင်ငူခရိုင်အား ကစားကွင်း၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးဥာဏ်ဝင်းနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ
ကျောင်းသာ၊ကျောင်းသူများ၊ ဖိတ်ကြားထားသူများ လာရောက်ကြည့်ရှု အား ပေးကြသည်။
ဗိုလ်လုပွဲတွင်တောင်ငူခရိုင်အသင်းနှင့် ပြည်ခရိုင်အသင်းတို့
ယှဉ်ပြိုင်ကစားကြ ရာ တောင်ငူခရိုင်အသင်းက အနိုင်ရရှိသွားသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီး မြှင့်ပွဲကို ကျင်းပရာ တာဝန်ရှိသူအသီးသီးက ပထမနှင့် ဒုတိယရရှိကြသော
အသင်းများအား
တစ်ဦးချင်းဆုတံဆိပ်များချီးမြှင့်ပေးပြီး ၀န်ကြီးချုပ်ဦးဥာဏ်ဝင်း က
ဒုတိယဆုရရှိသော ပြည်ခရိုင်အသင်းအား ငွေသားဆုနှင့် ပထမဆုရရှိသော
တောင်ငူခရိုင်အသင်းအား ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားအားပေးအပ် ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။
|
|
အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) သင်တန်းသားများ စိတ်ပိုင်း ဆိုင်ရာစစ်ဆေးလွှာ ဆန်းစစ်ဖြေဆိုခြင်း |
|
 |
နေပြည်တော်၊ စက်တင်ဘာ(၅) ။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အား ကစားနှင့်ကာယ ပညာ(မန္တလေး)တွင် ၂၀၁၁ -
၂၀၁၂ ပညာသင်နှစ်အတွက် အားကစားနည်းအသီးသီးတွင် တက်ရောက်လေ့ကျင့်လျက်ရှိသည့် သင်တန်း သားအသစ်(၁၅၇) ဦးအား စိတ်ပိုင်းဆိုင်ရာ စစ်ဆေးလွှာဆန်းစစ် ဖြေဆိုခြင်းကို သြဂုတ်(၃၀)ရက် က ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ်၊ မန္တလေးတက္ကသိုလ် စိတ်ပညာဌာနမှကထိက
ဒေါက်တာ ဒေါ်ဥမ္မာခင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ဆေးဘက်ဌာနစိတ်မှ
ဒေါက်တာဖြိုးေ၀၀င်းနှင့် တာဝန် ရှိသူများကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
|
|
ပိုက်ကျော်ခြင်းနှင့် ဘိလိယက် သတင်းဓာတ်ပုံများ |
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
 |