|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ် ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် မြားပစ်နှင့် ကြက်တောင်အားကစား သမားများအား မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် တာဝန်ခံ နာယကများက တွေ့ဆုံအားပေးစကားပြောကြားခြင်းနှင့် ထောက်ပံ့ငွေ များ လှူဒါန်း
|
|
|
|
|
|
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မြားပစ်နှင့် ကြက်တောင်တာဝန်ခံ နာယကများက မြန်မာ့လက်ရွေးစင် မြားပစ် နှင့် ကြက်တောင် အားကစား သမားများအား ထောက်ပံ့ငွေများလှူဒါန်းစဉ်
|
ရန်ကုန်၊ နိုဝင်ဘာ(၆)ရက်။ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ လက်ခံ ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် မြားပစ်နှင့် ကြက်တောင် အားကစားသမားများအား မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် မြားပစ် နှင့် ကြက်တောင်အားကစားနည်း တာဝန်ခံ နာယကများ ဖြစ်ကြသော ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဇနီး ဒေါ်စဝ်နွန်းခွန်ဆမ်၊ သတ္ထုတွင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်မြမြဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ဇနီး ဒေါ်ခင်ရဲမွန်၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်ခင်ဆွေမြင့်၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီနှင့် အမှုဆောင်အဖွဲ့ဝင်များသည် ယမန်နေ့ ညနေ(၃)နာရီ က မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်လေ့ကျင့်ရေးစခန်းများသို့ သွားရောက်ကာ ကျိုက္ကဆံမြားပစ်ကွင်း၌ လေ့ကျင့်နေသော မြန်မာ့လက်ရွေးစင်မြားပစ် အားက စားသမားများ လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး၊ မြန်မာ နိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် တာဝန်ခံနာယကများက အားပေးစကား များ အသီးသီးပြောကြားကြပြီးနောက် မြားပစ်အားကစားသမားများ အောင်မြင် မှု ဆုတံဆိပ်များ ဆွတ်ခူးအောင် ပွဲဆင်နိုင်ရေး အတွက် အင်အားပြည့် အစား အစာများ ဖြည့်စွက်စားသုံးရန်အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း ပေးအပ် လှူဒါန်းခဲ့သည်။
အလားတူ ကျုံးကြီးလမ်း အမျိုးသားကြက်တောင်အားကစားရုံ သို့ သွားရောက်ပြီး အားကစားသမားများ လေ့ကျင့်နေမှုများကို ကြည့်ရှုအား ပေးပြီး မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် မြားပစ်နှင့်ကြက်တောင် အားကစားနည်း တာဝန်ခံနာယကများဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဇနီး ဒေါ်စဝ်နွန်းခွန်ဆမ်၊ သတ္ထုတွင်းဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး၏ဇနီး ဒေါ်မြမြဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဇနီး ဒေါ်ခင်ရဲမွန် တို့က ကြက်တောင်အားကစားသမားများ အင်အားပြည့် အစားအစာများ စားသုံးရန်အတွက် ထောက်ပံ့ ငွေကျပ်(၅)သိန်း၊ စုစုပေါင်း ငွေကျပ်(၁ဝ)သိန်း အားပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
|
|
2nd Indochina Football Tournament ပြိုင်ပွဲ မြန်မာနိုင်ငံ ဥာဏ် ရည်မမီသူများ အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည် |
ရန်ကုန်၊ နိုဝင်ဘာ(၆)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် နိုဝင်ဘာ(၁၈)ရက်နေ့မှ (၂ဝ)ရက်နေ့အထိကျင်းပပြုလုပ်မည့် 2nd Indochina Football Tournament ပြိုင်ပွဲသို့ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစား အ ဖွဲ့ချုပ်အောက်ရှိ မြန်မာနိုင်ငံဥာဏ်ရည်မမီသူများ အားကစားအဖွဲ့ချုပ်မှ အမှု ဆောင်(အုပ်ချုပ်/နည်းပြ) ဦးစံဝင်း ခေါင်းဆောင်၍ အားကစားသမားများအ ဖြစ် သူရိန်ဝင်း၊ ကောင်းထက်နိုင်၊ သက်နိုင်၊ ကျော်အောင်၊ ထွန်းတာယာ၊ အောင်နိုင်ထွန်း၊ မင်းသက်ပိုင်နှင့် ငြိမ်းချမ်းအောင် စုစုပေါင်း အားကစားသမား (၈)ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အင်ဒို နီးရှားနိုင်ငံ (ဂျကာတာ)အဖွဲ့ခေါင်းဆောင် လေဆိပ်ပို့ဆောင်နှုတ်ဆက် |
|
|
|
(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့များအား (ဂျကာတာမြို့)တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်မည့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်(၂)ဦးတို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တွေ့ရစဉ်
|
ရန်ကုန်၊ နိုဝင်ဘာ(၆)ရက်။ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့တွင် အင်ဒို နီးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားက စားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစား အဖွဲ့များအား (ဂျကာတာမြို့)တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်မည့် အားကစား ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့် ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်(၂)ဦးတို့သည် ယနေ့ နံနက် (၉)နာရီက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်း ခရီး စဉ်ဖြင့် ဂျကာတာမြို့သို့ထွက်ခွာသွားရာ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ များက ပို့ဆောင်နှုတ်ဆက်ကြသည်။
အလားတူ ယနေ့ညနေ(၈)နာရီ(၄ဝ)မိနစ် က မြန်မာ့လက်ရွေးစင်သေနတ်ပစ်အသင်းသည် အုပ်ချုပ်သူ(၂)ဦး၊ အားကစား သမား(၁၂)ဦး၊ ဒိုင်လူကြီး(၁)ဦးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ (ပန်လန်းဗန်းမြို့)သို့ ထွက်ခွာသွား ကြောင်း သတင်းရရှိသည်။
|