|
ရန်ကုန်၊ ဇန်နဝါရီ(၆)ရက်။ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် စခန်းသွင်းလေ့ကျင့်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်(၁၂)နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံ အား ကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။
တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌ ၊ ဒုတိယဥက္ကဌများ၊ အထွေထွေ အတွင်းရေး မှူးများ နှင့် အမှုဆောင်များတက်ရောက်ကြသည်။
ရှေးဦးစွာ DONGLUC JOINT STOCK Co., Ltd VIETNAN မှ ဌာနေ ကိုယ် စားလှယ် ဦးမျိုးမင်းက တန်ဖိုးငွေကျပ်(၄၅၇၈၂ဝဝ)တန်ဖိုးရှိ အားကစားပစ္စည်း များ လှူဒါန်းရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် အစီအစဉ်အရ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်း ရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်း ထိုက် ကအဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အ တွက် စခန်းသွင်းလေ့ကျင့်မှုများကို ယခုကတည်းက ပြုလုပ်ကြရန်၊ ဒီပြိုင်ပွဲမှာ မြန်မာ အားကစားသမားများအနေဖြင့် နည်းစနစ်မှန်မှန်၊ ပြင်းပြင်းထန်ထန် စည်းကမ်းတကျလေ့ကျင့်၍ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အောင်မြင်မှု အမြင့်မားဆုံးရရှိနိုင်အောင် ကြိုးစား ဆောင်ရွက်သွား ကြရန် ပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ်(၁) ဦးနော်တောင်ကလည်းကောင်း၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးကလည်းကောင်း (၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲအတွက် ကြိုတင်လုပ်ဆောင်ရမည့် လုပ်ငန်းကိစ္စ များ အဆင်ပြေချောမွေ့စေရန် ဆွေးနွေးတင်ပြကြသည်။
|