|
၂ဝ၁၁ခုနှစ်၊ (၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနား ကျင်းပ
|
|
 |
|
 |
|
၂ဝ၁၁ခုနှစ်၊ (၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသ ကြီး သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ) အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) တွင် ကျင်းပ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ခင် က အမှာစကားပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးစဉ်
|
|
 |
|
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယက Long Luck Co.,Ltd မန်နေဂျင်း ဒါရိုက်တာ ဒေါ်ဥမ္မာလွင် က ငွေကျပ် (၁)သိန်း(၄)သောင်း(၄)ထောင်တန်ဘိုးရှိ Bio Pluss သောက်ရေသန့် နှင့် ငွေသားကျပ်(၂)သိန်းကို လှူဒါန်းရာ မြန်မာနိုင်ငံ အမျိုး သမီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့် က လက်ခံရယူစဉ်
|
|
 |
|
 |
|
ရန်ကုန်၊ ဒီဇင်ဘာ(၆)ရက်။ ၂ဝ၁၁ခုနှစ်၊ (၁၇)ကြိမ်မြောက် တိုင်းဒေသကြီး နှင့် ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်း ကျွန်းမြို့နယ် (သုဝဏ္ဏ) အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) တွင် ကျင်းပပြုလုပ် ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ခင် က အမှာစကားပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် တာဝန်ခံနာယက များဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်စဝ် နွန်းခွန်ဆမ် ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး၏ဇနီး ဒေါ်ခင်မေစိုး ၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်စိုးဝတ်ရည်၊ သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်မြမြဦး၊ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ဇနီး ဒေါ်ဆွေဆွေချစ် နှင့် ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ နာယက အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်ခင်သက်ဌေး ၊ အား ကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့်၊ အထွေထွေအ တွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီ နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အားကစား နှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိ ပုဂ္ဂိုလ် များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်သည်။ ၄င်းအပြင် ပြိုင်ပွဲ ဝင်အသင်းများက အားကစားသစ္စာ အဓိဌာန်(၄)ချက် ရွတ်ဆိုပြီး အားကစား ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြကာ ပြိုင်ပွဲများကို ဆက်လက် ကျင်းပ သည်။
ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် နာယက Long Luck Co.,Ltd မန်နေဂျင်း ဒါရိုက်တာ ဒေါ်ဥမ္မာလွင် က ငွေကျပ်(၁)သိန်း (၄)သောင်း(၄)ထောင်တန်ဘိုးရှိ Bio Pluss သောက်ရေသန့် နှင့် ငွေသား ကျပ်(၂)သိန်းကိုလှူဒါန်းရာ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့် ကလက်ခံရယူသည်။
ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် တို့မှ ပြိုင်ပွဲဝင်အသင်းစုစုပေါင်း (၁၃) သင်း ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ဒီဇင်ဘာလ(၆)ရက်နေ့၊နံနက် (၉)နာရီမှစ၍ ဒီဇင်ဘာ(၇)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
|
|
|
|
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၆)ရက်။ ၂ဝ၁၁ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ထားဝယ်မြို့ တိုင်းဒေသကြီး အားကစားကွင်း၌ ဆက်လက်ကျင်းပလျှက်ရှိရာ ဒီဇင်ဘာ(၅)ရက်နေ့တွင် လောင်းလုံမြို့နယ် အသင်းနှင့် တနင်္သာရီမြို့နယ် အသင်းတိုယှဉ်ပြိုင်ကစားကြရာ လောင်းလုံမြို့နယ်အသင်းက (၃)ဂိုး၊ (၁)ဂိုးဖြင့် လည်းကောင်း၊ ကော့သောင်မြို့နယ် အသင်းနှင့်ထားဝယ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဂိုးမရှိသရေဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွား သည်။
ဒီဇင်ဘာလ(၆)ရက်နေ့တွင် ကျွန်းစုမြို့နယ်အသင်းနှင့် လောင်းလုံမြို့ နယ်အသင်းတို့သည် လည်းကောင်း ၊ ကော့သောင်မြို့နယ် အသင်းနှင့်မြိတ်မြို့ နယ်အသင်းတို့သည်လည်းကောင်း ဆက်လက် ယှဉ်ပြိုင် ကစားကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။
|
|
|
|
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ |
|
ရန်ကုန်၊ ဒီဇင်ဘာ(၆)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဖလားအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဘားအံမြို့ အောင်သံလွင်ပြည်နယ် အားကစားကွင်း၌ ဆက်လက်ကျင်းပလျက်ရှိရာ ဒီဇင် ဘာ(၅)ရက်နေ့တွင် ပထမ အကြိုဗိုလ်လုပွဲအဖြစ် မြဝတီမြို့နယ်အသင်းနှင့် ဘားအံမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြဝတီမြို့နယ်အသင်းက ဘား အံမြို့နယ်အသင်းကို (၅)ဂိုး၊ (၄)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဒီဇင်ဘာ(၆)ရက် နေ့တွင် ဒုတိယ အကြိုဗိုလ်လုပွဲအဖြစ် ဖာပွန်မြို့နယ်အသင်းနှင့် သံလွင်အ သင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|