|
(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အကောင်းဆုံး လှေလှော်အားကစားသမားဆု ရွေးချယ်ပြိုင်ပွဲကျင်းပ |
|
 |
|
(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အကောင်းဆုံး လှေလှော်အားကစားသမား ဆုရွေးချယ်ပြိုင်ပွဲကျင်းပနေစဉ် |
|
ရန်ကုန်၊ စက်တင်ဘာ(၆)။ ၂ဝ၁၁ခုနှစ်၊ နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်အနေဖြင့် ဆုတံဆိပ်မြင့်မားစွာဖြင့် အောင်မြင်မှု ရရှိနိုင်ရေးအတွက် အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် အမျိုးသား/အမျိုး သမီး အကောင်းဆုံးလှေလှော် အားကစားသမားရွေးချယ်ပြိုင်ပွဲနှင့် နောက်ဆုံး ဇကာတင် လူရွေးချယ်ပြိုင်ပွဲများကို သြဂုတ်လ(၂ဝ)ရက်နေ့မှ (၂၄)ရက်နေ့ အထိ ရန်ကုန်မြို့အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အင်းယား ကန်ရေပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် ကနူး/ကယက်၊ အပြည်ပြည် ဆိုင်ရာလှေ နှင့် ရိုးရာလှေပြိုင်ပွဲများတွင် အမျိုးသား/အမျိုးသမီး အားကစား သမား(၁၁၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကနူး/ကယက် လှေလှော်အားကစား နည်းမှ အမျိုးသား(၁ဝ)ဦး၊ အမျိုးသမီး(၆)ဦး၊ ရိုးရာ လှေလှော်အားကစားနည်းမှ အမျိုးသား(၄၅)ဦး၊ အမျိုးသမီး(၂၈)ဦးနှင့် အပြည်ပြည်ဆိုင်ရာလှေလှော်အားက စားနည်းမှ အမျိုးသား(၁၉)ဦး၊ အမျိုးသမီး(၁၁)ဦးတို့အား နောက်ဆုံး ဇကာ တင်ရွေးချယ်ကာ ၄င်းတို့အထဲမှ အမျိုးသားအကောင်းဆုံး လှေလှော် အားက စားသမား ပထမဆုအား ဝင်းထိုက် (ကနူး) ကလည်းကောင်း၊ အမျိုးသား အကောင်းဆုံး ဒုတိယဆုကို စောလော်ကယ် (ရိုးရာလှေ) ကလည်းကောင်း၊ အမျိုးသမီး အကောင်းဆုံးပထမဆုကို ရွှေဇင်လတ် (အပြည်ပြည်ဆိုင်ရာလှေ)
ကလည်းကောင်း၊ ဒုတိယအကောင်းဆုံးအမျိုးသမီးဆုကို နော်အားလယ်လားရှီး (ကယက်)ကလည်းကောင်း အသီးသီးရရှိကြသည်။
၎င်းပြိုင်ပွဲများကို ဒိုင်ချုပ် အဖြစ် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာ သန်းတိုး၊ ပြိုင်ပွဲကြီးကြပ်သူအဖြစ် ဒုတိယဥက္ကဌ ဦးထွန်းဦး၊ အထွေထွေအတွင်း ရေးမှူး ဦးဖေဝင်း၊ ဒိုင်လူကြီး ဦးအုန်းမြင့်၊ တာလွှတ်/တာဖမ်းဒိုင်များ၊ နည်းပြနှင့် နည်းစနစ်မှူးများက ကြည့်ရှုအားပေး ကြီးကြပ်ရွေးချယ်ခဲ့ကြောင်း သတင်းရရှိ သည်။
|
|
|
|
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ပြည်ပသို့သွားရောက် ကြမည့် အားကစားအဖွဲ့ဝင်များအားတွေ့ဆုံလမ်းညွှန် |
|
 |
|
 |
|
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်မှ ပြည်ပပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား လမ်းညွှန်အမှာ စကားပြောကြားနေစဉ်
|
|
ရန်ကုန်၊ စက်တင်ဘာ(၆)ရက် ။ ၂ဝ၁၁ခုနှစ်၊ စက်တင်ဘာ(၈)ရက်မှ (၁၁)ရက် နေ့အထိ၊ ထိုင်းနိုင်ငံ(ဘန်ကောက်မြို့)တွင်ကျင်းပပြုလုပ်မည့် ပထမအကြိမ် ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စက်တင်ဘာ (၁၂)ရက်မှ (၁၇)ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့ဝင်(၂၁)ဦး၊ စက် တင်ဘာ(၇)ရက်မှ
(၂၁)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ (ဂျာကာတာမြို့) တွင် Tarung
Derajat လေ့ကျင့်မှုအစီအစဉ်သို့ သွားရောက်လေ့ကျင့်ကြမည့် ရိုးရာ လက်ဝှေ့အားကစားအဖွဲ့ဝင်(၁၂)ဦး၊ စက်တင်ဘာ(၉)ရက်မှ(၂၁)ရက်နေ့အ ထိ အဇာဘိုင်ဂျန်နိုင်ငံ(ဘာကုမြို့)တွင် လက်ဝှေ့အားကစား နည်းစခန်းသွင်း လေ့ကျင့်မှုအစီအစဉ်သို့တက်ရောက်ရန်နှင့် စက်တင်ဘာ(၂၂)ရက်မှ အောက် တိုဘာ(၁ဝ)ရက်နေ့အထိ ကမ္ဘာ့ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ် ပြိုင်မည့် လက်ဝှေ့အားကစားအဖွဲ့ဝင် (၂)ဦးတို့အား မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်မှ တွေ့ဆုံမှာကြားခြင်း အခမ်းအနားကို ယနေ့နေ့လည်(၁)နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံ ကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ ဝန်ရှိပုဂ္ဂိုလ်များ၊
မြန်မာနိုင်ငံပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ရိုးရာလက်ဝှေ့အဖွဲ့ချုပ် များမှ ဒုတိယဥက္ကဌနှင့်တာဝန်ရှိသူများ အားကစားသမားများ တက်ရောက် ကြသည်။
ရှေးဦးစွာ မြန်မာအားကစားအဖွဲ့ဝင်များနှင့် တစ်ဦးချင်းမိတ်ဆက် ပေးပြီး မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့ နောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်မှ လမ်းညွှန် အမှာစကားပြောကြားပြီးနောက် မြန်မာအားကစားအဖွဲ့ဝင်များအား တစ်ဦး ချင်း လက်ဆွဲ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ |
|
|
|
မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ အပြည်ပြည်ဆိုင်ရာ ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီး သင်တန်းဖွင့်မည်
|
|
ရန်ကုန်၊စက်တင်ဘာ(၆)ရက် ။၂ဝ၁၃ခုနှစ်တွင် မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအ ဖြစ်နေပြည်တော်တွင်လက်ခံကျင်းပမည့်(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အနေဖြင့် အောင်မြင်မှုများရရှိ
နိုင်ရေးအတွက် အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှုအရ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် အမှတ်စဉ်(၁/၂ဝ၁၁) အပြည်ပြည်ဆိုင်ရာခြင်းလုံး နည်းပြနှင့်ဒိုင်လူကြီးသင်တန်းကို ၂ဝ၁၁ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့မှ (၃ဝ)ရက်နေ့အထိ အောင်ဆန်းကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံတွင် သင်တန်းဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။
သင်တန်းသားအရည်အချင်းကန့်သတ်ချက် အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည် နယ်အတွင်းနေထိုင်သူဖြစ်ရမည်။ အဖွဲ့ချုပ်တွင် နည်းပြ/ဒိုင်လူကြီးအဖြစ်ဆက် လက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ ခြင်းလုံးအားကစားနည်းတွင် အနိမ့် ဆုံး (၄) ပေါက်တန်း အဆင့်ဖြစ်ရမည် ၊ နည်းပြသင်တန်းတွင် အသက်(၃ဝ) မှ (၆ဝ)နှစ်အတွင်းနှင့် ဒိုင်လူကြီးသင်တန်းတွင် အသက်(၂၅)နှစ် မှ (၅ဝ)နှစ်အ တွင်း ဖြစ်ရမည်။ အခြေခံပညာအထက်တန်းအောင်အဆင့်ဖြစ်ရမည်။ ကျန်းမာ ရေးကောင်းမွန်ပြီး(မျက်မှန်တပ်ဆင်သူမဖြစ်စေရ)။ နယ်မှသင်တန်းသားများအ နေဖြင့်အိပ်ယာလိပ်ကိုမိမိအစီအစဉ်ဖြင့်ယူဆောင်လာရမည်။ အဆိုပါသင်တန်း အတွက် တည်းခိုနေထိုင် စားသောက်စရိတ်များကိုအဖွဲ့ချုပ်မှ ကျခံဆောင်ရွက် ပေးမည်ဖြစ်ပြီး ခရီးစရိတ်(သွား/ပြန်)ကိုရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်များကို တစ်ဦးလျှင်(၂ဝဝဝဝိ/-) ကျပ်နှုန်းဖြင့် ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းတွင် အမျိုးသားဒိုင်လူကြီး(၈ဝ)ဦး၊ အမျိုးသမီးဒိုင်လူကြီး(၂ဝ)ဦး၊ အမျိုး သားနည်းပြနှင့် အမျိုးသမီးနည်းပြ(၁ဝ)ဦးစီ သတ်မှတ်ထားပြီး သင်တန်းသို့ တက်ရောက်လိုပါက ဦးရဲအောင် အထွေထွေအတွင်းရေးမှူး (ဖုန်း-ဝ၉၅၁၅၆၄ ၂၇)နှင့်ဦးသန်းဇော် ဒုတိယရုံးအဖွဲ့မှူး(ဖုန်း-ဝ၁-၃၉၃၄၂ဝ) မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်သို့၂ဝ၁၁ခုနှစ်၊စက်တင်ဘာလ(၁၂)ရက်နေ့နောက်ဆုံးထား သတင်းပို့ ပြီး ရန်ကုန်မြို့သို့ စက်တင်ဘာ(၁၅)ရက် ထက်မစော၊(၁၆)ရက်ထက် နောက် မကျစေဘဲသတင်းပို့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
၂၀၁၁ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament ပြိုင်ပွဲများဆက်လက်ကျင်းပ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လိုက်လံကြည့်ရှုအားပေး
|
|
 |
|
 |
|
ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် နေပြည်တော်ပျဉ်းမနားရှိ ပေါင်းလောင်း အားက စားခန်းမတွင် ကျင်းပသော ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသားနှစ်ယောက်တွဲနှင့်အမျိုး သမီးနှစ်ယောက်တွဲ ရှုံး/ထွက် ပွဲစဉ်များကိုသွားရောက်ကြည့်ရှုအားပေးနေစဉ် |
|
 |
|
ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည်နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဘိလိ
ယက်နှင့်စနူကာခန်းမ၌ ကျင်းပသော စနူကာပြိုင်ပွဲနှင့် ဘိလိယက်ပြိုင်ပွဲ တစ်ဦးချင်း နှင့် အသင်းလိုက်ပွဲစဉ်များအား ကြည့်ရှုအားပေးနေစဉ်
|
|
နေပြည်တော်၊ စက်တင်ဘာ(၆) ။ ၂၀၁၁ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစ ၍ သတ်မှတ်နေရာအသီးသီး၌ ဆက်လက်ကျင်းပလျက်ရှိရာ အားကစားဝန်ကြီး ဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသောင်းထိုက် နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ညွှန်ကြားရေး မှူးချုပ်နှင့်အဖွဲ့သည် နေပြည်တော်ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားခန်းမ တွင်ကျင်းပသော ပိုက်ကျော်ခြင်းပြိုင်ပွဲ၊အမျိုးသားနှစ်ယောက်တွဲနှင့် အမျိုးသမီး နှစ်ယောက်တွဲ ရှုံး/ထွက်ပွဲစဉ်များကို သွားရောက်ကြည့်ရှု အားပေးသည်။ ထို့ နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဘိလိယက်နှင့်စနူကာ ခန်းမ၌ ကျင်းပသော စနူကာပြိုင်ပွဲနှင့်ဘိလိယက်ပြိုင်ပွဲ တစ်ဦးချင်းနှင့် အသင်း လိုက်ပွဲစဉ်များအား ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။
|
|
|