|
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်
စားလှယ်
သတ္တမအကြိမ်မြောက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကျင်းပ |
ရန်ကုန်၊ နိုဝင်ဘာ(၇)ရက်။ ၂ဝ၁၁ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး တောင်သာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သတ္တမအကြိမ်မြောက် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ(၃၁)ရက်နေ့ ညနေ(၃) နာရီက မြင်းခြံခရိုင် ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ် ဖွဲ့မှူး၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့် သည်တော်များ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
ဆက် လက်၍ ဖွင့်ပွဲအခမ်းအနားစတင်ပြီး နှစ်ဖက်အသင်းမှ ကစားသမားများနှင့် တာ ဝန်ကျဒိုင်များအား တစ်ဦးချင်းစီအလိုက် ပြိုင်ပွဲကျင်းပရေး ကော်မတီနှင့်အတူ မြင်းခြံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးထွေးအောင်တို့မှ ဂုဏ်ပြုလက်ဆွဲ နှုတ်ဆက်ကြသည်။
ပြိုင်ပွဲ၏ ပထမနေ့ပွဲစဉ်အဖြစ် နွားထိုးကြီးအသင်းနှင့် ငါန်းဇွန်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ နွားထိုးကြီးအသင်းက (၄)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
အဆိုပါ ပြိုင်ပွဲကို အသင်းပေါင်း(၁ဝ)သင်းဝင်ရောက် ယှဉ် ပြိုင်ကြပြီး ပြိုင်များကို နိုဝင်ဘာ(၁၂)ရက်နေ့အထိ မြင်းခြံခရိုင် ပြည်သူ့အားက စား ကွင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်
မြန်မာ အားကစားအဖွဲ့ဝင်များ အောင်မြင်မှု ဆုတံဆိပ်များ ရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နာယကများက တွေ့ဆုံ အားပေးခြင်းနှင့် ထောက်ပံ့ငွေများ လှူဒါန်းခြင်း
|
ရန်ကုန်၊ နိုဝင်ဘာ(၇)ရက်။ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ လက်ခံကျင်းပ ပြုလုပ်မည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် အားကစားသမားများအား အောင်မြင်မှုဆုတံဆိပ်များ ဆွတ်ခူးနိုင်ရေးအတွက် ရထားပို့ဆောင်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ် ဘော်လီဘော အားကစားနည်း တာဝန်ခံနာယက ဒေါက်တာ ဝေဝေသာနှင့် နာယကအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ ချုပ်မှ စခန်းသွင်း လေ့ကျင့်လျက်ရှိသော အားကစားသမားများအား အင်အား ဖြည့် အစားအသောက် ဖြည့်စွက်စားသုံးရန်အတွက် ထောက်ပံ့ငွေကျပ် (၁ဝ) သိန်းကို ပေးပို့လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
|
|
(၃၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ်စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ
|
ရန်ကုန်၊ နိုဝင်ဘာ(၇)ရက်။ ၂ဝ၁၁ ခုနှစ် (၃၆)ကြိမ်မြောက် တိုင်းဒေသကြီး နှင့် ပြည်နယ် စစ်တုရင် ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယနေ့နေ့လည်(၂)နာရီ က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းကစား ပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆုပေးပွဲ အ ခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အား ကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်၊ မြန်မာ နိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အယ်လ် ခွန်းရီ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်လွင်၊ မြန်မာ့ရိုးရာ စစ်တုရင်ကော်မတီဥက္ကဌ ဦးဝင်းအောင်နှင့် အမှုဆောင်များတက်ရောက် ကြ သည်။
ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က အပြည်ပြည်ဆိုင်ရာ စစ်တုရင် လူငယ် အသင်းလိုက်ပြိုင်ပွဲ ပထမ တံခွန်စိုက်ဒိုင်းဆုရ မန္တလေးတိုင်း ဒေသကြီး အသင်း အားလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်အလွတ်တန်း အသင်းလိုက် ပြိုင်ပွဲ ပထမတံခွန်စိုက်ဒိုင်းဆုရ ရန်ကုန်တိုင်း ဒေသကြီးအသင်းအား လည်း ကောင်း၊ မြန်မာ့ရိုးရာစစ်တုရင်အလွတ်တန်း အသင်းလိုက်ပြိုင်ပွဲ ပထမတံခွန် စိုက်ဒိုင်းဆုရ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စွယ်စုံတံခွန်စိုက်ဒိုင်းဆုရ ရန် ကုန်တိုင်းဒေသကြီးအသင်းတို့အား တံခွန်စိုက်ဒိုင်းဆုကြီးများနှင့် ဆင့်ပွား ဒိုင်း ဆုများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
|