|
ရန်ကုန်၊ ဇန်နဝါရီ(၇)ရက်။ မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ သော မြန်မာ့ ကျွမ်းဘားအားကစားတိုးတက်မြင့်မားရေး တွေ့ဆုံဆွေးနွေးပွဲ အ ခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး ၊တာမွေမြို့နယ် ၊ ကျိုက္ကဆံကွင်းရှိ ကျွမ်းဘားအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးနော်တောင် နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းဝင်း၊ ဒုတိယဥက္ကဌ ဦးသိန်းဟံ၊ အတွင်းရေးမှူးဦးအောင်မြင့် နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ သင်တန်းသား သင်တန်းသူများ၊ အားကစား ဝါသနာရှင်များတက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးနော်တောင်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းဝင်းက ''မြန်မာ့ ကျွမ်းဘား အား ကစားသမား ကောင်းများမွေးထုတ်ခြင်း'' ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြသည်။ ဆက်လက်၍ ကြွရောက်လာကြသော ကျွမ်းဘားအားကစား ဝါသနာရှင်များ၊ နည်းပြဟောင်းများနှင့် ဆုတံဆိပ် ရရှိခဲ့သည့် အားကစားသမားဟောင်းများမှ ''ကျွမ်းဘားအားကစားတိုးတက်မြင့်မားရေးအတွက် ပံ့ပိုးကူညီမှုများနှင့်အထွေ ထွေကဏ္ဍ'' ခေါင်းစဉ်ဖြင့် ကျွမ်းဘားအားကစားနည်းနှင့် ပတ်သက်၍ အတွေ့ အကြုံများနှင့်ပြိုင်ပွဲကိစ္စရပ်များ ဆွေးနွေးတင်ပြကြနောက် ကျွမ်းဘားအားက စားသမားများမှ သရုပ်ပြသကြသည်။
ယင်းနောက် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းဝင်းက ကျေးဇူးတင် စကား ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
|