|
၂ဝ၁၁ခုနှစ်၊ (၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲ ဆုပေးပွဲ အခမ်း အနားကျင်းပ
|
|
 |
|
 |
|
 |
|
၂ဝ၁၁ခုနှစ်၊ (၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားတွင် ပထမဆု ရရှိ သော ကချင်ပြည်နယ်အသင်းအား အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာ ဒေါ်ဌေးဌေးငြိမ်း က ငွေသားဆု (၁)သိန်း(၅)သောင်းကျပ်၊ တံခွန်စိုက်ဒိုင်းဆုကြီးကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် အားကစားဝန်ကြီး ဦးအောင်ခင်၊ ဆင့်ပွားဒိုင်းကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်တို့က အသီးသီး ပေး အပ်ချီးမြှင့်စဉ်
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၇)ရက်။ ၂ဝ၁၁ခုနှစ်၊ (၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ နေ့လည်(၂)နာရီက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ) အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဆုပေးပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးနှင့် အားကစားဝန်ကြီး ဦးအောင်ခင်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်၊ အားကစားဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ ဒေါ်ဌေးဌေးငြိမ်းနှင့် နာယကများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီး ချုပ်၏ဇနီးနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၏ဇနီးများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ၊ အားကစားဝါသနာ ရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ဆုပေးပွဲအခမ်းအနား မစတင် မီ (၃)ယောက်တွဲပြိုင်ပွဲ (အငယ်တန်း)တွင် ပထမဆုရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ (၉)ယောက်တွဲပြိုင်ပွဲ(အကြီးတန်း)တွင် တတိယဆု ရရှိ သော မကွေးတိုင်းဒေသကြီးအသင်း၊ (၃)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိ သော ကရင်ပြည်နယ်အသင်း၊ တစ်ဦးချင်း စိတ်ကြိုက် စွမ်းရည်ပြပြိုင်ပွဲတွင် ပထမဆုရရှိသော ဆိုင်းမိုင်(ကချင်ပြည်နယ်)တို့က သရုပ်ပြတင်ဆက်ပြီး ဆု ပေးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပသည်။
ဆုပေးပွဲ အခမ်းအနားတွင် ပထမတံခွန်စိုက်ဆုရရှိသော ကချင်ပြည်နယ်အသင်းမှအပ ကျန်ပြိုင်ပွဲဝင်အ သင်းများအား အထူးဆုများကိုလည်းကောင်း၊ (၉)ယောက်တွဲ ပြိုင်ပွဲ(အငယ် တန်း)တွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိ သော ကရင်ပြည်နယ်အသင်းနှင့် တတိယဆုရရှိသော ရခိုင်ပြည်နယ်အသင်း တို့အား လည်းကောင်း၊ (၉)ယောက်တွဲပြိုင်ပွဲ (အကြီးတန်း) တွင် ပထမဆု ရရှိသော ကချင်ပြည်နယ် အသင်း၊ ဒုတိယဆု ရရှိသော ကရင်ပြည်နယ်အသင်း နှင့် တတိယဆုရရှိသော မကွေးတိုင်းဒေသကြီးအသင်းတို့အား လည်းကောင်း၊ (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ကချင်ပြည်နယ်အသင်း၊ ဒုတိယ ဆု ရရှိသော ကရင်ပြည်နယ်အသင်းနှင့် တတိယဆုရရှိသော မကွေးတိုင်း ဒေသကြီး အသင်းတို့အားလည်းကောင်း၊ တစ်ဦးချင်းစိတ်ကြိုက် စွမ်းရည်ပြ ပြိုင်ပွဲတွင် ပထမဆုရရှိသော ဆိုင်းမိုင်(ကချင်ပြည်နယ်)၊ ဒုတိယဆု ရရှိသော ခင်သဉ္ဇာသိန်း(ရန်ကုန်တိုင်းဒေသကြီး)နှင့် တတိယဆုရရှိသော မြတ်မွန်ကိုကို (ရှမ်းပြည်နယ်) တို့အားလည်းကောင်း မြန်မာနိုင်ငံ အမျိုးသမီး အားကစား အ ဖွဲ့ချုပ်မှ နာယကများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် အစိုးရ အဖွဲ့ ဝန်ကြီးများ၏ ဇနီးများက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများ ကို ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပထမဆုရရှိသော ကချင်ပြည်နယ် အသင်းအား အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာ ဒေါ်ဌေးဌေးငြိမ်းက ငွေသား ဆု (၁)သိန်း(၅)သောင်းကျပ်အား လည်းကောင်း၊ တံခွန်စိုက်ဒိုင်းဆုကြီးကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် အားကစား ဝန်ကြီး ဦးအောင်ခင်က လည်းကောင်း၊ ဆင့်ပွားဒိုင်းကို မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က လည်းကောင်း အသီးသီး ပေးအပ် ချီး မြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
|
|
|
|
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၇)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဖလားအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဘားအံမြို့ အောင်သံလွင်ပြည်နယ် အားကစားကွင်း၌ ဆက်လက်ကျင်းပလျက်ရှိရာ ဒီဇင် ဘာ(၆)ရက်နေ့တွင် ဒုတိယအကြို ဗိုလ်လုပွဲအဖြစ် ဖာပွန်မြို့နယ်အသင်းနှင့် သံလွင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သံလွင်အသင်းက ဖာပွန်မြို့နယ်အ သင်းကို (၄)ဂိုး၊ (၃)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဒီဇင်ဘာ(၈)ရက်နေ့တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် မြဝတီမြို့နယ်အသင်းနှင့် သံလွင်အသင်း တို့ ယှဉ် ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၇)ရက်။ ၂ဝ၁၁ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ထားဝယ်မြို့ တိုင်းဒေသကြီး အားကစားကွင်း၌ ဆက်လက်ကျင်းပလျှက်ရှိရာ ဒီဇင်ဘာ (၆)ရက်နေ့တွင် ကျွန်းစုမြို့နယ်အသင်းနှင့် လောင်းလုံမြို့နယ်အ သင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၂)ဂိုးစီဖြင့်လည်းကောင်း၊ မြိတ်မြို့နယ် အသင်းနှင့် ကော့သောင်းမြို့နယ်အသင်းတို့ယှဉ်ပြိုင် ကစားကြရာ တစ်ဖက်(၂) ဂိုးစီဖြင့်လည်းကောင်း သရေကျသွားသည်။
ဒီဇင်ဘာ(၇)ရက်နေ့တွင် မြိတ်မြို့ နယ်အသင်းနှင့် ထားဝယ်မြို့နယ်အသင်း၊ ကျွန်းစုမြို့နယ်အသင်းနှင့် တနင်္သာရီ မြို့နယ်အသင်းတို့ အသီးသီးဆက်လက်ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|