|
မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအားကစားအဖွဲ့
အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံသို့ထွက်ခွာ |
|
 |
|
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားအဖွဲ့
အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများ ဝင် ရောက်ယှဉ်ပြိုင်ရန်အတွက်
ထိုင်းနိုင်ငံသို့ထွက်ခွာရန်
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တွေ့ရစဉ် |
|
ရန်ကုန်၊ စက်တင်ဘာ(၇)ရက်။ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့ မှ(၁၁)ရက်နေ့အထိ ထိုင်းနိုင်ငံ(ဘန်ကောက်မြို့)၌ ကျင်းပပြုလုပ်မည့် ပထမ အကြိမ် ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စက်တင်ဘာလ(၁၂)ရက်နေ့မှ(၁၇)ရက် နေ့အထိကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော် ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ ချုပ် ဒုတိယဥက္ကဌ ဦးဥာဏ်ထွန်း ဦးဆောင်သော ပိုက်ကျော်ခြင်းလက်ရွေးစင် အသင်းသည် ယနေ့နံနက်(၉)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားရာ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့တွင် အမျိုးသားအသင်းအုပ်ချုပ်သူ ဦးကျော်ဇော(အမှုဆောင်)၊ အမျိုးသမီး အသင်းအုပ်ချုပ်သူ ဦးသန်းလွင်(ဦးစီးအရာရှိ၊ အားကစားနှင့်ကာယပညာဦးစီး ဌာန)၊ အမျိုးသားနည်းပြ ဒု-အရာခံဗိုလ် တင်ဝင်း (ကာကွယ် ရေးဝန်ကြီးဌာန)၊ အမျိုးသမီးနည်းပြ တပ်ကြပ်ကြီး သန်းဇော်ဦး (ကာကွယ်ရေး ဝန်ကြီးဌာန)၊ ဒိုင်လူကြီးများအဖြစ်
ပညာရေးဝန်ကြီးဌာနမှ ဒေါ်မော်မော်သင်းအောင်
နှင့် ဒေါ်မိမိခိုင်၊ အမျိုးသားအားကစားသမား (၉)ဦးနှင့် အမျိုးသမီးအားကစားသမား (၅)ဦးတို့ လိုက်ပါသွားကြောင်း သတင်းရရှိသည်။
|
|
|
|
THE 20th ASEAN
VETERAN BASKETBALL TOURNAMENT ပြိုင်ပွဲသို့ဝင်ရောက်
ယှဉ်ပြိုင်ရန်အတွက် မြန်မာသက်ကြီး လက်ရွေးစင် ဘတ်စကက်ဘောအသင်း
စင်ကာပူနိုင်ငံသို့ထွက်ခွာ; |
|
 |
|
THE 20th ASEAN VETERAN BASKETBALL TOURNAMENT ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာသက်ကြီးလက်ရွေးစင် ဘတ်စကက်ဘောအသင်း စင်ကာပူ နိုင်ငံသို့ထွက်ခွာရန် အတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တွေ့ရစဉ်
|
|
ရန်ကုန်၊ စက်တင်ဘာ(၇)ရက်။ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့ မှ (၁၁)ရက်နေ့အထိ စင်ကာပူနိုင်ငံ၌ကျင်းပပြုလုပ်မည့် အသက်(၄ဝ)နှစ်အထက် ၊ အသက်(၅ဝ)နှစ်အထက်နှင့် အသက်(၆ဝ)နှစ်အထက် THE 20th ASEAN VETERAN BASKETBALL TOURNAMENT ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် မြန်မာသက်ကြီးဘတ်စကက်ဘောအသင်းသည် ယနေ့နံနက် (၁ဝ)နာရီ က Silk Air လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ စင်ကာပူနိုင်ငံသို့ထွက်ခွာသွားသည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အသက် (၄ဝ)နှင့်အထက် အမျိုးသားအသင်း (၁)သင်း နှင့် အသက်(၅ဝ)နှစ်အထက် အမျိုးသားအသင်း (၁)သင်း စုစုပေါင်း(၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ် ပြီး အဆိုပါသက်ကြီးတမ်း အပျော်တန်းပြိုင်ပွဲကို နှစ်စဉ် ကျင်းပလာသည်မှာ အကြိမ်(၂ဝ)မြောက် ရှိခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ် ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်၏ကူညီပံ့ပိုး မှုဖြင့် မြန်မာ့သက်ကြီးလက်ရွေးစင်ဘတ်စကက်ဘောဝါသနာအိုးများနှင့်မြန်မာ နိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် အမှုဆောင်များဝင်ရောက်ယှဉ်ပြိုင် ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။ |
|
|
|
|
|
အခြေခံစစ်တုရင်အားကစားနည်း သင်တန်းပို့ချခြင်းနှင့် လူရွေးပွဲများ ကျင်းပ
|
|
 |
|
အခြေခံစစ်တုရင်အားကစားနည်းသင်တန်းပို့ချခြင်းနှင့် လူရွေးပွဲများကျင်းပနေစဉ် |
|
ရန်ကုန်၊ စက်တင်ဘာ(၇)ရက် ။ အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)၊ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် နှင့် HORIZON INTERNATIONAL ACADEMIC ကျောင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံစစ် တုရင်အားကစားသင်တန်းနှင့်လူရွေးပြိုင်ပွဲများကို ယမန်နေ့၊ ညနေ (၃)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ ပြည်ထောင်စုခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
၂ဝ၁ဝ-၁၁ခုနှစ်၊ ပညာသင်နှစ်တွင် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှသင်တန်းသား/သူများအားသင်ကြားခဲ့ရာသင်တန်း သား(၃ဝ)ဦးရွေးချယ်ရရှိခဲ့ပါသည်။၎င်းတို့အားHORIZON INTERNATIONAL ACADEMIC ကျောင်းမှ တူရကီနိုင်ငံသား GRAND CHESS MASTER အဆင့်ရှိသော နည်းပြဆရာ Mr. MUGAR BABYEV က အခြေခံစစ်တုရင် အားကစားနည်းများကို သင်တန်းပို့ချသင်ကြားပေးခဲ့ပြီး ဆက်လက်လေ့ကျင့် ပေးခဲ့ရာ ယခု ၂ဝ၁၁-၁၂ခုနှစ်၊ ပညာသင်နှစ်တွင် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ ၂ဝ၁၃ ခုနှစ်၊ တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၌ လက်ခံကျင်းပပြုလုပ်မည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)တွင် အားကစားနည်းအသစ် တစ်ခုအဖြစ် တိုးချဲ့လေ့ကျင့် သင်ကြားနေပြီး HORIZONကျောင်းမှနည်းပြဆရာ Mr. Shohral Myhuianov မှ ကျောင်းသား/ကျောင်းသူ(၃ဝ)ဦးခန့်ကို စခန်းသွင်းလေ့ကျင့် သင်ကြားပေးခဲ့ ပါသည်။
လက်ရည်စမ်းစစ်ပြိုင်ပွဲများကို စက်တင်ဘာ(၆)ရက်မှ(၉)ရက်နေ့ အထိ ကျောင်းသား/ကျောင်းသူသင်တန်းသား(၃ဝ)ဦးကို ပတ်လည်စနစ် ယှဉ်ပြိုင် ကျင်းပခဲ့ပြီး ၄င်းတို့အထဲမှ အကောင်းဆုံးစစ်တုရင်ကစားသမား (၁ဝ)ဦးအား ရွေးချယ်၍ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)အသင်း ဖွဲ့စည်းပြီး သင် တန်းနည်းပြဆရာ Mr. MUGAR BABYEV GRAND CHESS MASTER က HORIZON INTERNATIONAL ACADEMIC ကျောင်းတွင် အဆင့်မြင့်စစ်တုရင် အားကစားနည်းများကို ကွန်ပျူတာများဖြင့် စနစ်တကျ သင်ကြားပေးကာ ပြည်တွင်း၌ကျင်းပပြုလုပ်မည့် စစ်တုရင်ပြိုင်ပွဲများကို ဝင် ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။ ထူးချွန်ထက်မြက်သော စစ်တုရင်အားကစား သမားများကို မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ ဆက်လက်စခန်းသွင်း
လေ့ကျင့် ပေးပြီး နိုင်ငံတကာပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
|
|
|