|
အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားက စားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်၊ ပညာသင် နှစ် ဝက် ထူးချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ |
ရန်ကုန်၊ နိုဝင်ဘာ(၈)ရက်။ အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂ဝ၁ဝ-၂ဝ၁၁ခုနှစ်၊ ပညာ သင်နှစ် ပညာရေးထူးချွန်ဆု၊ အားကစားထူးချွန်ဆု(ဇွန်လမှ အောက်တိုဘာလ) အထိနှင့် နေပြည်တော် Champion Challenge CupTournament 2011 ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ထူးချွန်အားကစားသမားများအား ဆုပေးပွဲ အ ခမ်းအနားကို နိုဝင်ဘာ(၆)ရက်နေ့ ညနေ(၆)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက္ကဆံကွင်းရှိ ပြည်ထောင်စုခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆုပေးပွဲ အခမ်း အနားသို့ အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ ဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်ဝင်း နှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ/ ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ နှင့် ဆုရအားကစားသမားများ တက်ရောက်ကြသည်။
ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ၂ဝ၁ဝ-၂ဝ၁၁ ခု ပညာသင်နှစ်တွင် ပညာရေး ထူးချွန်ဆုရ (ဇွန်၊ ဇူလိုင်၊ သြဂုတ်လ)အတွက် ဆု ရရှိသူများအားလည်းကောင်း၊ ၂ဝ၁ဝ-၂ဝ၁၁ ခု ပညာသင်နှစ် အားကစားသ မား ထူးချွန်ဆု(နှစ်ဝက်)တွင် ဆုရရှိသူများအားလည်းကောင်း၊ ၂ဝ၁၁ ခုနှစ်၊ နေပြည်တော် Champion Challenge CupTournament 2011 ပြိုင်ပွဲများ တွင် အားကစားနည်းအလိုက် ဆုရရှိကြသော သင်တန်းသားများအား အားက စားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်ဝင်း နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
|
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ် ပြိုင်မည့် မြန်မာ့လက်ရွေးစင်မြားပစ်အဖွဲ့ အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာ |
|
|
|
(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်မြားပစ်အဖွဲ့ အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာ
|
ရန်ကုန်၊ နိုဝင်ဘာ(၈)ရက်။ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့မှ (၂၂)ရက် နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲသို့
သွားရောက်ယှဉ်ပြိုင်မည့် အသင်းအုပ်ချုပ်သူ ဦးသန်းကြိုင် (မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး) ဦးဆောင် သော မြန်မာ့လက်ရွေးစင် မြားပစ်အသင်းသည် ယနေ့နံနက်(၁ဝ)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာသွားရာ အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ဒုတိယရုံးအဖွဲ့မှူး) ညွှန်ကြားရေးမှူး ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ အမှုဆောင်များ၊ ဆွေမျိုးမိသင်္ဂဟများက ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာ့ လက်ရွေးစင် မြားပစ်အသင်းတွင် အမျိုးသားအသင်းအုပ်ချုပ်သူ ဦးတင်အောင် ကို (ပြည်ထဲရေး)၊ အမျိုးသမီးအသင်းအုပ်ချုပ်သူ ဒေါ်အေးသီတာ (အား/ကာ ဦးစီးဌာန)၊ ဒိုင်လူကြီးအဖြစ် ဒေါ်ကေသီ(အား/ကာဦးစီးဌာန)၊ နည်းပြများအဖြစ် ဦးအောင်နိုင်ဦး (ပြည်ထဲရေး)၊ ဦးအောင်သူရ(ပြည်ထဲရေး)၊ ဒေါ်မြတ်သူဇာမြင့် (ပြည်ထဲရေး)၊ အားကစားသမားများအဖြစ် ဇော်ဝင်းထိုက်(အား/ကာဦးစီးဌာန)၊ အဖွဲ့ချုပ်လက်ရွေးစင်မှ နေမျိုးအောင်၊အောင်မျိုးသူနှင့်မောင်အေး၊ သင်းသင်း ခိုင် (ပြည်ထဲရေး)၊ စန်းယုထွေး (အား/ကာဦးစီးဌာန)၊ အားကစားနှင့်ကာယ ပညာသိပ္ပံမှ
သဇင်အောင်နှင့် ဇာခြည်ဝင်း၊ ရဲမင်းဆွေ(အား/ကာဦးစီးဌာန)၊ လယ်/ဆည်မှ ပိုင်မြတ်သူ၊ အောင်ခြိမ့်သော်၊ မြတ်ဇော်ထွန်း၊ လှလှစံ၊ ယောစိမ်း ယနှင့် မြတ်သန္တာ၊ အောင်ငှိမ်း(အား/ကာဦးစီးဌာန)တို့ လိုက်ပါသွားသည်။
မြန်မာ့လက်ရွေးစင်မြားပစ်အသင်းသည် Compound နှင့် Recurive ပြိုင်ပွဲ များတွင် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ အမျိုးသား/ အမျိုးသမီး (၂)ယောက်တွဲပြိုင်ပွဲများအပြင် ပြိုင်ပွဲအတန်းအားလုံး ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ် ကြောင်း သတင်းရရှိသည်။
|
|
ဝန်ကြီးဌာနပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ကျင်းပမည်
|
ရန်ကုန်၊ နိုဝင်ဘာ(၈)ရက်။ အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပမည့် ၂ဝ၁၁ ခုနှစ်၊ (၃၇)ကြိမ်မြောက် ဝန်ကြီးဌာန ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကို ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ ရန်ကုန်မြို့၊ အောင်ဆန်း ကစားပြိုင်ဝင်း၊ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပမည်ဖြစ်ရာ ပါဝင်ယှဉ် ပြိုင်လိုသည့် ဝန်ကြီးဌာနများမှ စစ်တုရင်အသင်းများသည် (၃ဝ.၁၁.၂ဝ၁၁) ရက်နေ့ နေ့လည် (၁)နာရီတွင် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ရုံးခန်း၌ ပြု လုပ်မည့် အသင်းခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်စာရင်းပေး သွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။ ပြိုင်ပွဲတွင် ပထမတန်းအသင်းလိုက်ပြိုင်ပွဲ၊ ဒုတိယတန်းအသင်းလိုက်ပြိုင်ပွဲ၊ တတိယတန်း အသင်းလိုက်ပြိုင်ပွဲ၊ အမြန်ရွှေ့ အသင်းလိုက်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။
၂ဝ၁ဝ ခုနှစ် (၃၆)ကြိမ်မြောက် ဝန်ကြီးဌာနပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ၌ ပထမတန်းတွင် ပို့ဆောင်ရေးဝန်ကြီး ဌာ န၊ ဒုတိယတန်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ တတိယတန်းတွင် လယ်ယာ စိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြန်ရွှေ့ပြိုင်ပွဲတွင် လယ်ယာစိုက်ပျိုး ရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန စစ်တုရင်အသင်းများမှ တံခွန်စိုက်ဒိုင်းများ ရ ရှိထားပြီး စွယ်စုံတံခွန်စိုက်ဒိုင်းဆုကြီးအားလယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ ရရှိထားကြောင်း သတင်းရရှိသည်။
|