|
၂ဝ၁၁ ခုနှစ်၊ အဌမအကြိမ်မြောက် Japan Cup Judo ပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ
|
|
 |
|
ရန်ကုန်၊ ဒီဇင်ဘာ(၈)ရက်။ ၂ဝ၁၁ ခုနှစ်၊ အဌမအကြိမ်မြောက် Japan Cup Judo ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်(၂)နာရီက ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူအားကစားခန်းမ၌ ကျင်းပခဲ့ သည်။
ဆုပေးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ သံအမတ်ကြီး H.E Mr. TaKa Shi Saito နှင့်သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးအေးကြည်၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်နာယက ဒေါ်ရွှေသက်၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒုတိယ ဗိုလ်မှူးကြီး စောရွှေ၊ အတွင်းရေးမှူး ဦးအောင်နိုင်ဆွေနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အားက စားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက် အားပေး ကြည့်ရှုခဲ့ကြ သည်။
ဗိုလ်လုပွဲအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုး သမီး(-၆၃)ကီလို တန်းတွင် ဆုရရှိသူများအား ဂျပန်သံရုံးမှ Mr. Masako Sato မှလည်းကောင်း၊ အမျိုးသမီး (-၇ဝ)ကီလိုတန်းတွင် ဆုရရှိသူများအား ဂျပန် သံရုံးမှ Miss Atsuko Mizana မှလည်းကောင်း၊ အမျိုးသမီး (-၇၈)ကီလိုတန်း တွင် ဆုရရှိကြသူများအား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နာယက ဒေါ်ရွှေသက်မှလည်းကောင်း၊ အမျိုးသား (-၆၆)ကီလိုတန်းတွင် ဆုရရှိသူများ အား မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်နိုင်ဆွေမှ လည်း ကောင်း၊ အမျိုးသား (-၇၃)ကီလိုတန်းတွင် ဆုရရှိသူ များအား မြန်မာနိုင်ငံ ဂျူဒို အဖွဲ့ချုပ်အလုပ်အမှုဆောင် ဒုတိယဗိုလ်မှူးကြီး စောရွှေမှလည်းကောင်း၊ အမျိုး သား(-၉ဝ)ကီလိုတန်းတွင် ဆုရရှိသူများအား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးအေးကြည်မှလည်းကောင်း၊ JCCYမှ တာဝန်ရှိသူ Mr. Shigeo Hana က အမျိုးသမီး အတိုးတက်ဆုံး အားကစားသမားဆုရ အေးမာလာ(စက်မှု)၊ အမျိုးသား အတိုးတက်ဆုံး အားကစားသမားဆုရ သူရဇော်(ကာကွယ်ရေး)၊ အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုရ အိဖြူစင်(စက်မှုဝန်ကြီးဌာန)၊ အမျိုးသား အကောင်းဆုံးအားကစားသမားဆုရ ကပ်ကျင်းပေါင် (သစ်တော) တို့အား လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး H.E Mr. TaKa Shi Saito က ရွှေတံဆိပ်(၇)၊ ငွေတံဆိပ်(၅)နှင့် ကြေးတံဆိပ်(၆) ဆုဖြင့် အမျိုးသား/ အမျိုးသမီး စုပေါင်း တံခွန်စိုက်ဒိုင်းဆုရရှိသော စက်မှု ဝန်ကြီးဌာနအသင်းအား ဆုဖလားကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
ကယားပြည်နယ် ဒီမောဆိုမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၈)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကယားပြည်နယ် ဒီမောဆိုမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲများ ဒီမော ဆိုအားကစားကွင်း၌ ပထမအဆင့်အုပ်စုပတ်လည် ပြိုင်ပွဲများ ဆက်လက် ကျင်းပလျက်ရှိရာ အဖြစ်ဒီဇင်ဘာ(၇)ရက်နေ့တွင် ဆောင်ဒူလာကျေးရွာ နှင့် ကန်(၇)ဆင့်ကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဆောင်ဒူလာ ကျေးရွာ အသင်းက (၃)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း၊ ငံရိုးကျေးရွာအသင်းနှင့် သေးဆူလဲ ကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ငံရိုးကျေးရွာအသင်းက (၂)ဂိုး ၊ ဂိုး မရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။
ဒီဇင်ဘာ(၈)ရက်နေ့တွင် မြလဲကျေးရွာအသင်းနှင့် ကုန်းသာကျေးရွာအသင်းတို့သည် လည်းကောင်း၊ ဒေါရောက်ခူကျေးရွာအသင်းနှင့် မြို့မကျေးရွာအသင်းတို့သည်လည်းကောင်း အသီးသီး ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။
|
|
|
|
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၈)ရက်။ ၂ဝ၁၁ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ထားဝယ်မြို့ တိုင်းဒေသကြီး အားကစားကွင်း၌ ဆက်လက်ကျင်းပလျှက်ရှိရာ ဒီဇင်ဘာ(၇)ရက်နေ့တွင်မြိတ်မြို့နယ်အသင်းနှင့် ထားဝယ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၃)ဂိုးစီဖြင့် လည်းကောင်း၊ ကျွန်းစုမြို့နယ်အ သင်းနှင့် တနင်္သာရီမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၁)ဂိုး စီ ဖြင့် လည်းကောင်း အသီးသီး သရေကျသွားသည်။
ဒီဇင်ဘာ (၉)ရက်နေ့တွင် ပထမအကြိုဗိုလ်လုပွဲအဖြစ် မြိတ်မြို့နယ်အသင်းနှင့် ကျွန်းစုမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။
|
|
|
|
(၄)နိုင်ငံ အရှေ့တောင်အာရှဖလား (Sea Cup) အမျိုးသား ဟော်ကီ ပြိုင်ပွဲနှင့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ဒဂုံရွှေအောင်လံဆု ပြိုင်ပွဲ ကျင်းပရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
|
|
 |
|
 |
|
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်ကအားကစားဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ ဟော်ကီအဖွဲ့ချုပ်၊
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပမည့် ၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာ(၁၃)ရက်နေ့မှ (၁၈)ရက်နေ့အထိ ရန်ကုန်မြို့ သိမ်ဖြူဟော်ကီ ကွင်း၌ (၄)နိုင်ငံအရှေ့တောင်အာရှဖလား (Sea Cup)အမျိုးသားဟော်ကီပြိုင်ပွဲနှင့် ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာ(၁၁)ရက်နေ့မှ ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီ (၈)ရက်နေ့အထိ ကျင်း ပမည့်
မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ဒဂုံရွှေအောင်လံဆုပြိုင်ပွဲ ကျင်းပရေး ပေါင်း စပ်ညှိနှိုင်းအစည်းအဝေးတွင် လိုအပ်ချက်များကို ဖြည့်စွက်မှာကြားစဉ်
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၈)ရက်။ အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဟော်ကီ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပမည့် ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာ(၁၃)ရက်နေ့မှ (၁၈)ရက်နေ့အထိ ရန်ကုန်မြို့ သိမ်ဖြူ ဟော်ကီ ကွင်း၌ (၄)နိုင်ငံအရှေ့တောင်အာရှဖလား (Sea Cup)အမျိုးသားဟော်ကီ ပြိုင် ပွဲနှင့် ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာ(၁၁)ရက်နေ့မှ ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီ (၈)ရက် နေ့အထိကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ဒဂုံရွှေအောင်လံဆုပြိုင်ပွဲ ကျင်းပရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် (၁၂)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစား နှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အ ဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေး မှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ် ဥက္ကဌ ဦးထင်ဇော်ဝင်း နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော် မတီ အတွင်းရေးမှူး ဗိုလ်မှူးဝဏ္ဏ(ငြိမ်း)နှင့် တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဌကိုယ်စား မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အထွေထွေ အတွင်း ရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်း ထိုက်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဟော်ကီ အဖွဲ့ချုပ် ဥက္ကဌ ဦးထင်ဇော်ဝင်းနှင့်မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ ပြိုင်ပွဲကျင်းပ ရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး ဗိုလ်မှူးဝဏ္ဏ(ငြိမ်း)(Myanmar Media Group) တို့မှ ပြိုင်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အားကစားနှင့်ကာယ ပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေး ဌာနခွဲ လက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်ဇင်မိုးနှင့် ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီအသီးသီးမှ ဌာန ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တို့က ရှင်းလင်းတင်ပြကြသည်။ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က လိုအပ်ချက်များကို ပြန်လည်ဖြည့်စွက် မှာကြားပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
|
|
|