|
၂၀၁၁ခုနှစ် ပထမအကြိမ်နေပြည်တော် Champion Chllenge Cup ပြိုင်ပွဲ
အမျိုးသားသုံးယောက်တွဲပိုက်ကျော်ခြင်း
ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
|
|
 |
|
 |
|
 |
|
နေပြည်တော် စက်တင်ဘာ(၈) ။ ၂၀၁၁ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Chllenge Cup ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်သည့် အမျိုးသားသုံး ယောက်တွဲ ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ပထမအကျော့ပြိုင်ပွဲ သုံးမျိုးစလုံးအ တွက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက်ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်ပေးသည်။
ဗိုလ်လု ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်၊ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်နှင့် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့မှ ဥက္ကဌများ၊ အမှု ဆောင်များနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားကလပ်များမှ အုပ်ချုပ်သူ များ၊ နည်းပြများနှင့် အားကစားသမား မောင်/မယ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ရန်ကုန်ကလပ်အသင်းနှင် မုံရွာကလပ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ရန်ကုန်ကလပ်အသင်းက - (၂၁မှတ်း ၁၄မှတ်)၊ (၂၁မှတ်း ၁၅ မှတ်)ဖြင့် (၂)ပွဲပြတ် အနိုင်ရဗိုလ်စွဲသွားသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ - မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်နည်းပြချုပ် ဒေါက်တာမင်းနိုင်က ဘိလိယက်တစ်ဦးချင်းပြိုင် ပွဲ ပထမဆုရ နေမျိုးအောင် (တောင်ကြီးကလပ်)၊ ဒုတိယဆုရ ထွန်းခိုင်(လားရှိုး ကလပ်)နှင့် တတိယဆုရ ကျော်ဝင်းလှိုင် (မန္တလေးကလပ်) တို့အားလည်း ကောင်း၊ အဖွဲ့ချုပ်ဥက္ကဌ ဦးတင်မောင်ဝင်းက စားပွဲတင်တင်းနစ် အမျိုးသား အသင်းလိုက်ပြိုင်ပွဲ ပထမဆုရ မန္တလေးကလပ်အသင်း၊ ဒုတိယဆုရ လားရှိုး ကလပ်အသင်းနှင့် ပူးတွဲတတိယဆုရ ရန်ကုန်ကလပ်အသင်းနှင့်ဘားအံကလပ် အသင်း၊ စနူကာအသင်းလိုက်ပြိုင်ပွဲ ပထမဆုရ တောင်ကြီးကလပ်အသင်း၊ ဒုတိယဆုရ ရန်ကုန်ကလပ်အသင်းနှင့် တတိယဆုရ မန္တလေးကလပ်အသင်း တို့အား လည်းကောင်း ၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော်က အမျိုးသမီးနှစ်ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆုရ ပုသိမ်ကလပ်အသင်း၊ ဒုတိယဆုရ မော်လမြိုင်ကလပ်အသင်းနှင့် တတိယဆုရ ပဲခူးကလပ်အသင်းတို့အားလည်းကောင်း၊ တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသား ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က အမျိုးသားပိုက်ကျော်ခြင်းနှစ်ယောက်တွဲပြိုင်ပွဲ ပထမဆုရ ရန်ကုန်ကလပ်အသင်း၊ ဒုတိယဆုရ မန္တလေးကလပ်အသင်း၊ တတိယဆုရ ပုသိမ်ကလပ်အသင်း၊ အမျိုးသမီးတစ်ဦးချင်းစားပွဲတင်တင်းနစ်ပြိုင်ပွဲ ပထမဆု ရ ခင်ကောင်းစံ(ရန်ကုန်ကလပ်)၊ ဒုတိယဆုရ ဖြူဖြူသန့်(မကွေးကလပ်)၊ ပူးတွဲ တတိယဆုရ နီနီအောင်နှင့်ဖြိုးနုဝါ(မန္တလေးကလပ်)-၂-
တို့အားလည်းကောင်း၊ ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူက အမျိုးသမီး သုံးယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ပထမဆုရ ပုသိမ်ကလပ်၊ ဒုတိယဆုရ မော်လမြိုင်ကလပ်၊ တတိယ ဆုရ ထားဝယ်ကလပ် အမျိုးသားတစ်ဦး ချင်းစားပွဲတင်တင်းနစ်ပြိုင်ပွဲ
၊ ပထမ ဆုရ ထူးထူးနိုင်(မန္တလေးကလပ်)၊ ဒုတိယဆုရ မောင်မင်းဦး(မန္တလေးကလပ်)၊ ပူးတွဲတတိယဆုရ စန်းမောင်သိန်းနှင့် စိုင်းထိန်လင်းအောင်(မန္တလေး ကလပ်)၊ စနူကာ တစ်ဦးချင်းပြိုင်ပွဲ ပထမဆုရ ဇော်သန်းထိုက် (တောင်ကြီးကလပ်)၊ ဒုတိယဆုရမာန်ဟိန်းကျော်(တောင်ကြီးကလပ်)နှင့်တတိယဆုရဘုန်းမြင့်ကျော် (ရန်ကုန်ကလပ်)တို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ အသီး သီး ပေးအပ် ချီးမြှင့်သည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသားအားကစား ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက အမျိုးသား သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆုရ ရန်ကုန်ကလပ်၊ ဒုတိယဆုရ မုံရွာကလပ်နှင့် တတိယဆုရ ပုသိမ်ကလပ်တို့အား လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ပထမဆုရ မန္တလေးကလပ်၊ ဒုတိယဆုရ ရန်ကုန်ကလပ်၊ ပူးတွဲတတိယဆုရ လားရှိုးကလပ်နှင့် မကွေး ကလပ်အသင်းတို့အား လည်းကောင်း၊ ဘိလိယက်အသင်းလိုက်ပြိုင်ပွဲ ပထမ ဆုရ ဘားအံကလပ်၊ ဒုတိယဆုရ ပုသိမ်ကလပ်နှင့် တတိယဆုရ ပဲခူးကလပ် တို့အားလည်းကောင်း၊ အားကစား သိပ္ပံအချင်းချင်းပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုး သားသုံးယောက်တွဲနှင့် အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲများတွင် ပထမဆုရ မန္တလေးသိပ္ပံ(က)အသင်း၊ ဒုတိယဆုရ မန္တလေးသိပ္ပံ(ခ)အသင်းနှင့် တတိယ ဆုရ ရန်ကုန်သိပ္ပံ(က)အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကာ ဆုပေးပွဲ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။
၂၀၁၁ခုနှစ်၊ ပထမအကြိမ် နေပြည်တော် Champion Challenge Cup အလေးမ၊ လက်ဝှေ့ နှင့် စစ်တုရင်ပြိုင်ပွဲများကို ဒုတိယ အကျော့ပွဲစဉ်အဖြစ် စက်တင်ဘာ(၁၂)ရက် မှ (၁၈)ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
|
|
|
|
|
|
နေပြည်တော်၊ စက်တင်ဘာ(၈) ။ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဖွင့်ပွဲ ပိတ်ပွဲအခမ်းအနားများ အပါအ၀င် ပြိုင်ပွဲဆိုင်ရာ ကိစ္စရပ်များအား တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် စင်္ကာပူနိုင်ငံအခြေစိုက် City Neon ကုမ္ပဏီတာဝန်ရှိ သူများမှ ၄င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများအား အကြိုရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တာ် အားကစားဝန်ကြီးဌာနရှိ အစည်းအဝေး ခန်းမ၌ ကျင်းပရာ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ၊ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် City Neon ကုမ္ပဏီမှ ၄င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များအား PowerPoint ဖြင့် ရှင်းလင်းပြသပြီး အစည်းအဝေးတက်ရောက်လာသူများ၏ မေးမြန်းချက်များ အား ရှင်းလင်းဖြေကြားခဲ့ကြကြောင်းသတင်းရရှိသည်။
|
|
|
|
အာရှလူငယ်အလေးမပြိုင်ပွဲသို့ မြန်မာလူငယ်အလေးမအဖွဲ့ ဝင်ရောက် ယှဉ်ပြိုင်
|
|
ရန်ကုန်၊ စက်တင်ဘာ(၈)ရက် ။ အာရှအလေးမအဖွဲ့ချုပ်က ကြီးမှူးကျင်းပ သည့် (၁၃)ကြိမ်မြောက် အာရှလူငယ်အလေးမပြိုင်ပွဲနှင့် (၁၈)ကြိမ်မြောက် အာရှ သက်ငယ်တန်း အလေးမပြိုင်ပွဲကို ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ(၅)ရက် နေ့မှ (၁၂)ရက်နေ့အထိ ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်မှ အမျိုးသားအားကစားသမား (၃)ဦး နှင့်သက် ငယ်တန်းပြိုင်ပွဲသို့ အမျိုးသမီးအားကစားသမား (၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလူငယ်အလေးမ အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်နှင်းစန္ဒာဦး၊ အုပ်ချုပ်သူအဖြစ် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်မှ ဒေါ်ဝင်းဝင်းမော်၊ နည်းပြများအဖြစ် ဦးကျော်ကျော်ဦးနှင့် ဒေါ်ဆွေဆွေဝင်းတို့မှ တာဝန်ယူဆောင်ရွက်ပြီး အမျိုးသားပြိုင်ပွဲတွင် ဘုန်းမြင့်နိုင် (၅ဝ)ကီလိုတန်း၊ ဝေယံဖြိုး(၅၆)ကီလိုတန်း၊ သက်လွင်ဦး(၆၂)ကီလိုတန်း နှင့် အမျိုးသမီးပြိုင်ပွဲ တွင် မိုးသူဇာ(၆၃)ကီလိုတန်းနှင့် လဲ့လဲ့ဝင်း(၆၉)ကီလိုတန်းတို့ ဝင်ရောက် ယှဉ် ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
|
|
|
|
မြန်မာအမျိုးသမီးဘတ်စကက်ဘောအသင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တွင် ယူနန်ပြည်နယ်အမျိုးသမီးဘတ်စကက်ဘောအသင်းနှင့် ပူးတွဲလေ့ကျင့်မည် |
|
ရန်ကုန် ၊ စက်တင်ဘာ(၈)ရက် ။ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အား ကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်နေသော မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ အမျိုးသမီးဘတ်စကက်ဘောအသင်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ကူမင်းမြိုတွင် ယူနန်ပြည်နယ် အမျိုးသမီး ဘတ်စကက်ဘောအသင်းနှင့် (၁၅.၉.၂ဝ၁၁)ရက်နေ့မှစတင်၍ ရက်သတ္တပတ် (၄)ပတ်ကြာ ပူးတွဲလေ့ကျင့် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
|