|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအ နားနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်း အဝေး တက်ရောက်မည့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့်အဖွဲ့ဝင်များ၊ (၂၆)ကြိမ်မြောက်အရှေ့တောင်အာရှအား ကစားပြိုင် ပွဲပါဝင်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ဝင်များ၊ အင်ဒို နီးရှားနိုင်ငံသို့ထွက်ခွာ |
|
 |
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအ နားနှင့် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်း အဝေး တက်ရောက်မည့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့်အဖွဲ့ဝင်များ၊ (၂၆)ကြိမ်မြောက်အရှေ့တောင်အာရှအား ကစားပြိုင် ပွဲပါဝင်ယှဉ်ပြိုင်မည့် မြန်မာအား ကစားအဖွဲ့ဝင်များ၊
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ဒို နီးရှားနိုင်ငံသို့ ထွက်ခွာစဉ် |
နေပြည်တော်၊ နိုဝင်ဘာ(၉)။ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် အရှေ့တောင် အာ ရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေး တက်ရောက်ရန်၊ မြန်မာ အားကစားအဖွဲ့များ၏ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မှုကို အနီးကပ်ကြပ်မတ်ကြည့်ရှု အား ပေးရန် မြန်မာနိုင်ငံ အမျိုးသား အားကစားကော်မတီဥက္ကဌ အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း၊ အထွေထွေအတွင်းရေးမှူး အားကစား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူနှင့်အဖွဲ့ဝင်များ၊ မြန်မာ့အားကစား အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ တွဲဖက်အတွင်း ရေးမှူး၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီအထွေထွေအတွင်းရေးမှူး အားကစား
နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် အုပ်ချုပ် ကွပ်ကဲမှုအဖွဲ့၊ သေနတ်ပစ်၊ ဘိလိယက်နှင့် စနူကာ၊ ရေကူး၊ စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ ကျွမ်းဘား၊ ပြေးခုန်ပစ်အသင်းများ စုစုပေါင်းအင်အား (၁၄၂) ဦးသည် ပထမအသုတ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ယနေ့နံနက်(၁၀)နာရီက အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင် ရာလေဆိပ်မှ ထွက်ခွာသွားသည်။
ပြည်ထောင်စုအားကစားဝန်ကြီး ဦးဆောင် သော မြန်မာအားကစားအဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတ နိုင်ငံသံရုံးမှ သံမှူးကြီးနှင့် သံရုံးမှတာဝန်ရှိသူများ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်ခင်ဆွေမြင့်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူ များက ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြ ပါ သည်။
(၂၆) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့တွင် အားကစားနည်း(၂၂)နည်း၊ ပါလမ်ဘန်မြို့တွင် အားကစားနည်း(၂၀)
နည်းခွဲ၍ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားများကို ပါလမ် ဘန်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၇)နည်းတွင် အားကစားသမား၊ အုပ်ချုပ်သူ၊ နည်းပြအင်အား စုစုပေါင်း (၅၆၀)ဦးဖြင့် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
|