|
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဇန်နဝါရီ(၉)ရက်။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲများကို ကျောက် တံခါးမြို့နယ် အားကစားကွင်းတွင် အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်း ပလျက်ရှိရာ ဇန်နဝါရီ(၈)ရက်နေ့တွင် သမင်အင်းကုန်းအသင်းနှင့် ကျေးရိုးအ သင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျေးရိုးအသင်းက သမင်အင်းကုန်းအသင်းကို (၄) ဂိုး၊ (၂)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဇန်နဝါရီ(၉)ရက်နေ့တွင် ဂနတ်အသင်းနှင့် ဇီးကုန်းအသင်းတို့ဆက်လက် ယှဉ် ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
ကူဝိတ်နိုင်ငံတွင် ကျင်းပမည့် Kuwait International Shooting Grand Prix ပြိုင်ပွဲသို့ မြန်မာသေနတ်ပစ်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင် မည်
|
|
ရန်ကုန်၊ ဇန်နဝါရီ(၉)ရက်။ ၂ဝ၁၂ ခုနှစ်၊ မတ်လတွင် ကူဝိတ်နိုင်ငံ၌ကျင်းပမည့် Kuwait International Shooting Grand Prix ပြိုင်ပွဲသို့ မြန်မာနိုင်ငံ သေနတ် ပစ် အဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးထက်ညီ ခေါင်း ဆောင်၍အားကစားသမားများအဖြစ် မောင်ကြူး၊နေထက်အောင်၊လင်းအောင်၊ အောင်ငြိမ်းနီနှင့် အေးအေးသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
|
|
|
|
|
|
|