|
မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ဒဂုံရွှေအောင်လံဆု ပြိုင်ပွဲကျင်းပမည်
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၉)ရက်။ ၂ဝ၁၁ ခုနှစ်၊ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ဒဂုံရွှေ အောင်လံဆုပြိုင်ပွဲကို ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာ(၁၁)ရက်နေ့တွင် ကွာတားဖိုင် နယ်ပွဲစဉ်များ၊ ဒီဇင်ဘာ(၁၈)ရက်နေ့တွင် ဆီမီးဖိုင်နယ် ပွဲစဉ်များနှင့် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီ(၈)ရက်နေ့တွင် ဗိုလ်လုပွဲများကျင်းပမှာဖြစ်ပြီး အဆိုပါပွဲစဉ်များ ကို နေ့လည် (၂)နာရီအချိန်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏအမျိုးသား အားကစားပြိုင်ပွဲရုံ(၁)တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
အလွတ်တန်း ဒဂုံရွှေအောင်လံပြိုင်ပွဲတွင် စောငမန်း (မြန်မာ)၊ ရန်ကြီးအောင် (မြန်မာ)၊ ကစ်တီပွန်း (ထိုင်း)နှင့် ဒါဗစ် (အာမေးနီးယား)တို့က လည်းကောင်း၊ ပထမတန်း ဒဂုံ ရွှေအောင်လံပြိုင်ပွဲတွင် ထွန်းထွန်း (မြန်မာ)၊ ရန်နိုင်အောင် (မြန်မာ)၊ ဆာရီကော့ (ရုရှား)နှင့် ဘွာလွန်(န်) (အောချီဖွန်)(ထိုင်း)တို့ကလည်းကောင်း၊ ဒုတိယတန်း ဒဂုံရွှေအောင်လံပြိုင်ပွဲတွင် စိုးမိုးဟိန်း (မျိုးဆက်သစ်)၊ သပြေညို (ဘိလပ်မြေစက်ရုံ)၊ စောအုန်းမြင့် (အလင်းရောင်)၊ ဒေါင်းသည်းချေ (ဝါဆို)၊ စိုးထက်ဦး (အဖြူရောင် သွေးသစ်)၊ သားသား
(T&T) ၊ ကညောထူး (ရွှေကုက္ကို)နှင့် ရွှေသိန်းအောင် (တောင်ကလေး) တို့ ပါဝင် ယှဉ် ပြိုင်မည်ဖြစ် ကြောင်းသတင်းရရှိသည်။
|
|
|
|
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒိုင်း ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၉)ရက်။ ၂ဝ၁၁ ခုနှစ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဒိုင်း ခရိုင် ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို စစ်တွေမြို့ ဝေသာလီအားကစားကွင်း၌ ဒီဇင်ဘာ(၅)ရက်နေ့မှစတင်၍ ပြိုင်ပွဲဝင်အသင်း (၆)သင်းဖြင့် ကျင်းပလျက်ရှိရာ ဒီဇင်ဘာ(၈)ရက်နေ့ တွင် မောင်တောခရိုင် အသင်း နှင့် စစ်တွေခရိုင်(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်တွေခရိုင်(ခ) အသင်းက မောင်တောခရိုင်အသင်းကို (၁)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဒီဇင်ဘာ(၁ဝ)ရက်နေ့တွင် ပထမအကြိုဗိုလ်လုပွဲအဖြစ် စစ်တွေခရိုင်(က)အ သင်းနှင့် စစ်တွေခရိုင်(ခ)အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။
|
|
|
|
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား(အ လွတ်တန်း) ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၉)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လု ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၈)ရက်ညနေ(၃)နာရီတွင် ဘားအံ မြို့ ၊ အောင်သံလွင်ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောအောင်ကျော်မင်း၊ ကရင်ပြည်နယ် တရားသူကြီးချုပ် ဦးစောစံလင်း၊ ကရင်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌ ဦးမန်းလှမြိုင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဗိုလ် မှူးကြီး အောင်လွင်၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးစော ဝင်းထိန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးစောခရစ္စ တိုဖာ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးစောခင်မောင် မြင့်၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးစောကြည်လင်း၊ လူမှုရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးချစ်လှိုင်၊ သစ်တောနှင့် သတ္တုဝန်ကြီး ဌာန ပြည်နယ်ဝန်ကြီး ဦးစောဆာလောလ၊ တရားလွှတ်တော်တရားသူကြီး ဦးသိန်းကိုကို၊ ဘောလုံး ဆပ်ကော်မတီဥက္ကဌ ဦးမျိုးကြည်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိဘပြည်သူများ တက်ရောက် ကြသည်။
ဗိုလ်လုပွဲအဖြစ် သံလွင်အသင်းနှင့် မြဝတီမြို့နယ်အသင်းတို့ ယှဉ် ပြိုင်ကစားကြရာ သံလွင်အသင်းက (၄)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဘောလုံးဆပ် ကော်မတီ ဥက္ကဌ ဦးမျိုးကြည်မှ အကောင်းဆုံး ဘောလုံးသမားဆုကို လည်း ကောင်း၊ တရားလွှတ်တော်တရားသူကြီး ဦးသိန်းကိုကိုမှ ဒိုင်လူကြီးများအား လည်းကောင်း၊ သစ်တောနှင့်သတ္တုဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးစောဆာ လောလမှ ဒုတိယဆုရရှိသော မြဝတီမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ် များကိုလည်းကောင်း၊ လူမှုရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီးဦးချစ်လှိုင်မှ ပထမ ဆုရရှိသော သံလွင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးစောကြည်လင်းမှ အကောင်းဆုံးဂိုးသမားဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသား ကျပ်(၂)သောင်းကို လည်းကောင်း၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးစော ခင်မောင်မြင့်မှ နောက်တန်းအကောင်းဆုံးဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသား ကျပ်(၂)သောင်းကို လည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးစောခရစ္စတိုဖာမှ အလယ်တန်းအကောင်းဆုံးဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသား ကျပ်(၂)သောင်း ကိုလည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးစောဝင်းထိန်မှ ရှေ့တန်း အကောင်းဆုံးဆုရ ရှိသူအား ဆုတံဆိပ်နှင့်ငွေသား ကျပ်(၂)သောင်းကိုလည်းကောင်း၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်မှ ပွဲ စဉ်တလျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၃)သောင်းကိုလည်းကောင်း၊ ကရင်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဦးမန်းလှမြိုင်မှ ဒုတိယဆုရရှိသော မြဝတီမြို့နယ်အသင်းအား ငွေသား ဆု ကျပ်(၃)သိန်းကိုလည်းကောင်း၊ ကရင်ပြည်နယ်တရားသူကြီးချုပ် ဦးစောစံ လင်းမှ ပထမဆုရရှိသော သံလွင်အသင်းအား ငွေသားဆုကျပ်(၅)သိန်းကို လည်းကောင်း၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောအောင်ကျော်မင်းမှ အသန့်ရှင်းဆုံးဆုရရှိသော ဖာပွန်မြို့နယ်အသင်းအား ဆုဖလားနှင့် ငွေသားဆု ကျပ်(၂)သိန်းကိုလည်းကောင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ် ဦးဇော်မင်းမှ ပထမဆုရရှိသော သံလွင်အသင်းအား ပထမတံခွန်စိုက် ဆု ဖလားကိုလည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ သည်။
|
|
|