|
အင်ဒိုနီးရှား ရိုးရာလက်ဝှေ့သင်တန်းသို့ ပူးတွဲလေ့ကျင့်ရန် မြန်မာ့ရိုးရာ လက်ဝှေ့အားကစားသမားများ ပြည်ပထွက်ခွာ
|
|
 |
|
၂ဝ၁၁ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့မှ(၁၆)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၌ ဖွင့် လှစ်မည့် အင်ဒိုနီးရှားရိုးရာလက်ဝှေ့သင်တန်း Jarung Derajat ပူးတွဲလေ့ကျင့်မှု အစီ အစဉ်ပြုလုပ်ရန်အတွက် မြန်မာ့ရိုးရာ လက်ဝှေ့အားကစားသမားများအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေ့ရစဉ် |
|
ရန်ကုန်၊ စက်တင်ဘာ(၉)ရက် ။ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့မှ (၁၆)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ဖွင့်လှစ်မည့် အင်ဒိုနီးရှား ရိုးရာလက်ဝှေ့သင်တန်း Jarung Derajat ပူးတွဲ့လေ့ကျင့်မှု အစီအစဉ် ပြုလုပ် ရန်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဝင်းတင့်ခေါင်းဆောင်၍ နည်းပြအဖြစ် ဦးစီးအရာရှိ ဦးဗလကျော်သူ ၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အားကစားသမားများအဖြစ် စိုးဝဏ္ဏ၊ တင်ဝင်းထွန်း၊
နိုင်ဝင်း၊ နေလင်းထွန်း၊ ထွန်းလင်းအောင်၊ စိုင်းသီဟ၊ စိုးမိုးလွင်၊ နော်ဟေအဲလ်၊ အေးအေးအောင်နှင့် လှယဉ်မေတို့ လိုက်ပါလျက် စက်တင်ဘာလ(၇)ရက်နေ့ ည(၈)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွါရာ တာဝန်ရှိသူ များက လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သတင်း ရရှိသည်။ |
|
|
|
HAN GOLF MASTERS JUNIOR GOLF SERIES 2011 KENBO JUNIOR GOLF CHAMPIONSHIP ဆုပေးပွဲကျင်းပ
|
|
 |
|
HAN GOLF MASTERS JUNIOR GOLF SERIES 2011 KENBO JUNIOR GOLF CHAMPIONSHIP ဆုပေးပွဲကျင်းပ အခမ်းအနားတွင် ဆုရရှိသူများအားတွေ့ရစဉ် |
|
ရန်ကုန်၊ စက်တင်ဘာ(၉)ရက်။ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ ကြီးမှူး ကျင်း ပသော HAN GOLF MASTERS JUNIOR GOLF SERIES 2011 KENBO JUNIOR GOLF CHAMPIONSHIP ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်(၁)နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာဂေါက် ကလပ်(၉)မိုင်တွင် ကျင်းပရာ ဆုပေးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင့်ဦး၊ မြန်မာဂေါက်သီးအသင်း ကလပ်ကပ္ပတိန် ဗိုလ်မှူးကြီးစိုးဝင်း(အငြိမ်းစား)၊ HAN GOLF MASTERS Pte Ltd မှ CEO ဦးချမ်းဟန်၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် အမှုဆောင် ဒေါက်တာမြင့်ဦး၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဆုရအားကစားသမားများ တက်ရောက်ကြသည်။
ဆုပေးပွဲအခမ်းအနားတွင် အမျိုးသားအသက်(၈)နှစ်မှ (၁၂)နှစ်ပြိုင်ပွဲ၌ ဒုတိယမှပဉ္စမဆု ရရှိသူများနှင့် အမျိုးသမီး ပြိုင်ပွဲတွင်ဒုတိယမှ ပဉ္စမဆုရရှိသူများအား မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်အမှုဆောင် ဒေါက်တာ မြင့်ဦးမှလည်းကောင်း၊ အမျိုးသားအသက်(၁၃)နှစ်မှ(၁၅)နှစ်ပြိုင်ပွဲနှင့် အသက် (၁၆)နှစ်မှ(၁၈)နှစ်ပြိုင်ပွဲများတွင် ဒုတိယမှပဉ္စမဆုရရှိသူများအား မြန်မာနိုင်ငံ ဂေါက်သီးအသင်း ကလပ်ကပ္ပတိန် ဗိုလ်မှူးကြီးစိုးဝင်း (အငြိမ်းစား) မှလည်း ကောင်း၊ အမျိုးသား အသက်(၁၉)နှစ်မှ(၂၁)နှစ်ပြိုင်ပွဲတွင် ဒုတိယမှ ပဉ္စမ ဆုရရှိသူများအား မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင့်ဦးမှ လည်းကောင်း အသီးသီးဆုများ ချီးမြှင့်ကြသည်။
ဆက်လက်၍ အမျိုးသမီး ပြိုင် ပွဲတွင် ချန်ပီယံဆုရရှိသော ဝင့်ဖူးနဒီအောင် ၊ အမျိုးသားအသက်(၈)နှစ်မှ (၁၂)နှစ်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိသော ထွန်းအောင်ခိုင်၊ အသက်(၁၃)နှစ်မှ (၁၅)နှစ်ပြိုင်ပွဲတွင်ချန်ပီယံဆုရရှိသော ကျော်ဇင်ထွန်း၊ အသက်(၁၆)နှစ်မှ(၁၈) နှစ် ပြိုင်ပွဲတွင်ချန်ပီယံဆုရရှိသော အောင်ဆန်းမျိုး၊ အသက်(၁၉)နှစ်မှ(၂၁) နှစ်ပြိုင်ပွဲ တွင် ချန်ပီယံဆုရရှိသော စည်သူရဲရင့်တို့အား HAN GOLF MASTERS Pte Ltd မှ CEO ဦးချမ်းဟန် မှ ဆုများပေး အပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)နှင့် အပြည်ပြည်ဆိုင်ရာလူထုရေးဝန်ဆောင်မှုအဖွဲ့(PSI)တို့ပူး ပေါင်း၍ အားကစားနှင့် HIVအကြောင်းသိကောင်းစရာ ပညာပေး ဟောပြောပွဲကျင်းပ
|
|
 |
|
 |
|
အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)နှင့် အပြည်ပြည်ဆိုင်ရာလူထုရေး ဝန်ဆောင်မှုအဖွဲ့ (PSI)တို့ပူးပေါင်း၍ အားကစား နှင့် HIV အကြောင်းသိကောင်းစရာ ပညာပေးဟောပြောပွဲကျင်းပနေစဉ် |
|
ရန်ကုန်၊ စက်တင်ဘာ(၉)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာနအားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် အပြည်ပြည်ဆိုင်ရာ လူထုရေး ဝန်ဆောင်မှု အဖွဲ့(Population Service International)တို့ပူးပေါင်း၍ အမျိုးသားများနှင့် ပတ်သက်သော အားကစားနှင့်HIVအကြောင်း သိကောင်းစရာပညာပေးဟော ပြောဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နေ့လည်(၁)နာရီခွဲက အားကစားနှင့် ကာယပညာဦးစီးဌာန၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်း ပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ညွှန်ကြား ရေးမှူး ဦးတင်ဝင်း၊ ဆရာများ၊ အပြည်ပြည် ဆိုင်ရာလူထုရေးဝန်ဆောင်မှု အဖွဲ့ မှ ဒေါက်တာမြတ်မင်းဇော်၊ ဒေါက်တာရည်မွန်ဝင့်အောင်၊ ဦးရန်နိုင်ညွှန့်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းသားများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ လူထုရေးဝန်ဆောင်မှုအဖွဲ့မှ ဒေါက်တာ မြတ်မင်းဇော်က သင်တန်းသားအား ကစားသမားများ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်နှင့် ကျမ်းမာရေး အသိ ပညာဗဟုသုတများ၊တိုးပွားလာစေရန် အတွက်အမျိုးသားများနှင့် ပတ်သက် သော အားကစားနှင့်HIVအကြောင်း သိကောင်းစရာများကို ဆွေးနွေးပြော ကြားပြီးနောက် တက်ရောက်လာသော အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ အားကစားသမားသင်တန်းသားများက သိလိုသည်များကို မေးမြန်း ရာ ဒေါက်တာမြတ်မင်းဇော်က ပြန်လည်ဖြေကြားပြီး ဟောပြောပွဲကို ညနေ (၃)နာရီခွဲတွင် ရုပ်သိမ်းလိုက်ပြီး စက်တင်ဘာလ (၁၆)ရက်နေ့တွင် အားကစားနှင့် TBအကြောင်းသိကောင်းစရာ ပညာပေး ဟောပြောပွဲကို လည်း ကောင်း၊ စက်တင်ဘာလ(၂၃)ရက်နေ့တွင် အမျိုးသမီးနှင့်ပတ်သက်သော အားကစားနှင့် HIVအကြောင်းသိကောင်းစရာ အသိပညာပေး ဟောပြောပွဲ များကို ကျင်းပ ပြု လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|