|
ရန်ကုန်၊ ဖေဖော်ဝါရီ(၆)ရက်။ အားကစားဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာန အောက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ အဆင့်မြင့် ပညာဦးစီးဌာန၊ အမှတ် (၃)အခြေခံ ပညာဦးစီး ဌာနတို့ပူးပေါင်း၍ အားကစားနှင့်ပညာရေးပေါင်းစပ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁ဝ) နာရီက ရန်ကုန်မြို့ တာမွေမြို့ နယ် ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အ စည်းအဝေခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ပါမောက္ခချုပ်နှင့် ဒုတိယ ပါမေက္ခချုပ်များ၊ အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင် ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး /ဆရာမကြီး များ တက်ရောက် ကြသည်။
အစီအစဉ်အရ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်မှ အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန် ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်းရှိ တက္ကသိုလ်နှင့် အခြေ ခံပညာကျောင်းများတွင် အခြေခံအားကစား နည်းများကို ပူးပေါင်းဆောင်ရွက် သွားမှာ ဖြစ်ကြောင်း၊ အားကစားဝန်ကြီးဌာနမှလည်း နည်းပညာ၊ နည်းစနစ်နှင့် အားကစားနည်းများအလိုက် နည်းပြဆရာ များစေလွှတ်၍ သင်ကြားပေးမည် ဖြစ်ကြောင်း၊ မိမိတို့ကျောင်းများတွင် ဖြစ်နိုင်မည့် အားကစားနည်းများ ထည့် သွင်း လေ့ကျင့်နိုင်မှုနှင့် အားကစားကွင်း/အားကစားခန်းမများ၏ အခြေအနေ နှင့် အားကစားအထောက်အကူပြု ပစ္စည်းများတို့ကိုလည်း ကူညီထောက်ပံ့ပေး သွားမည်ဖြစ်ပါကြောင်း၊ အားကစား လိုက်စားခြင်းမှသည် ပညာရေးတွင်လည်း ဥာဏ်ရည်/ဥာဏ်သွေးများ မြင့်မာလာမှာဖြစ်သည့်အတွက် ထူးချွန်ထက်မြက် သော အားကစားသမားကောင်းများ ဖြစ်ထွန်းလာမှ ဖြစ်ပါကြောင်း၊ အနာဂတ် ကို ဦးဆောင်မည့် လူငယ်/လူရွယ်များကို ပြုစုပျိုးထောင်ရာတွင် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း ဖြင့် ဆွေးနွေးညှိနှိုင်းမှာကြားသွားသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မောင်ရီ က အားကစားနှင့်ပညာရေးပေါင်းစပ်၍ လုပ်ငန်းများဆောင် ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး အဆင့်ပညာဦးစီးဌာနမှ တာဝန် ရှိသူများ၊ အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ခရိုင်ပညာရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာ မကြီးများက မိမိတို့ကဏ္ဍာအလိုက် လိုအပ်ချက်များ၊ နည်းပြနှင့် အားကစား ကွင်း/အားကစားခန်းမ အခြေအနေနှင့် သင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် နည်းပြဆရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍အားကစားနှင့်ကာယပညာဦးစီးဌာန(အောက်မြန်မာပြည်) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနော်တောင်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန် ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးတို့က အထွေထွေညှိနှိုင်းေ ဆွးနွေးကြ သည်။
ယင်းနောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားကာ ညှိနှိုင်းအစည်းအဝေးအား ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။
|